အပိုင်း (၁)

Start from the beginning
                                    

လမျးသှယျကိုကြောျပွိီး ဟိုဘက်လမ်းက လက်ဖက်ရည်ဆိုင်မြင်တော့မှ စိတ်ဒုံးဒုံးချကာ
ဆိုင်ကယ်အရှိန်လျှော့လိုက်သည်။
မေမေသာသိရင်ဖြင့် လူမရှိတဲ့လမ်းက သွားလို့ ငေါက်ဦးမည်ဖြစ်သည်။
ကိုယ့်မှန်းခြေနဲ့ကွက်တိကို ခုနစ်နာရီသုံးမိနစ်စွန်းစွန်းလေးတွင် စာသင်ရမဲ့အိမ်ကိုရောက်သွားတော့သည်။
.
.
.
.
.
''ကျွန်တော်ကတော့ လက်ရှိအခြေအနေနဲ့ တခြားမြို့ကိုသွားပြီး ကျောင်းခွဲဖွင့်တာထက်စာရင် ဒီကျောင်းကိုပဲ ပိုပြီးချဲ့ချင်တယ်.....
လက်ရှိသင်ရိုးတွေအပြင် ထပ်ဆောင်းဘာသာရပ်အနေနဲ့ အင်္ဂလိပ်စာကို ကျွန်တော်တို့ကျောင်းရဲ့သင်ရိုးနဲ့ထပ်တိုးထည့်မယ် ''

''ငါကတော့ ဇေယျာနဲ့သဘောထားအတူတူပဲ
မိသိမ့် နင့်သဘောထားကရော''

''ငါလည်း ညည်းတို့ပြောသလိုပဲ လုပ်ပါ့မယ်
သေချာစဥ်းစားကြည့်မှ တခြားမြို့မှာကျောင်းခွဲသွားဖွင့်ဖို့ဆို နောက်က အသေးစိတ်စီစဥ်ရမှာတွေနဲ့အချိန်မရလောက်ဘူး''

''ဒါဆို ကျွန်တော်ပြောတဲ့အတိုင်းပဲ လုပ်မယ်
အင်္ဂလိပ်စာအတွက်က ကျွန်တော်ပြင်ဆင်ထားပြီးတဲ့
စာအုပ်မူကြမ်းရှိတယ် ပြီးရင်ကျွန်တော် မမတို့ကိုပြမယ်''

''ဒါနဲ့ ငါ ပြောပါဦးမယ် ဘော်ဒါက မိန်းကလေးတွေကို ညဂိုက်အဖြစ်တာဝန်ယူပေးမယ်ဆိုတဲ့
ဆရာမလေးလေ သူက သူ့ယောကျ်ားတာဝန်ကျတဲ့ဆီလိုက်ရမှာမို့ ငါတို့ဆီမှာ အလုပ်ဝင်ဖို့မဖြစ်နိုင်တော့ဘူးတဲ့''

မမသိမ့်စကားကြောင့် ''ခန့်မှူးဇေယျာ '' တစ်ယောက် ခေါင်းကိုက်သွားရပြန်သည်။
ဘော်ဒါက ကလေးတွေကို စာကျက်ဂိုက်ထည့်ပေးဖို့
အချိန်ဇယားဆွဲပေးထားသည်မှာ တစ်ပတ်လောက်သာလိုတော့သည်။ဒါကို ဆရာမက အဆင်မပြေဆိုတော့ တစ်ပတ်အတွင်းရှာလို့ သင့်တော်မည့်သူက တွေ့ပါ့မလား။

မမသိမ့်ဆိုသည်မှာလုပ်လိုက်ရင်အမြဲ မသေချာမရေရာဆိုတာမျိုးသာဖြစ်သည်။အစကတည်းက
မမမြတ်ကို စီစဥ်ခိုင်းလိုက်တာကမှစိတ်ချရဦးမည်။
မိဘနှစ်ပါးရှိစဥ်ကတည်းက အမေ့ရဲ့ညီမအငယ်တွေဖြစ်သော မမသိမ့်နဲ့မမမြတ်တို့နဲ့အတူ နေခဲ့တာမို့
ဒီအဒေါ်အပျိုကြီးနှစ်ယောက်အကြောင်း နောကြေနေပြီဖြစ်သည်။
အဒေါ်ဟုသာဆိုသော်လည်း အသက်က ဆယ်နှစ်လောက်သာကွာတာမို့ မမသိမ့် မမမြတ်လို့သာခေါ်ခိုင်းသည်။

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now