အပိုင်း (၁)

Start from the beginning
                                    

မြက သာမန်ဝန်ထမ်းမိသားစုက သမီးတစ်ယောက်ဖြစ်သည်။မြ ရဲ့အထက်မှာ အစ်ကိုကြီးတစ်ယောက်ရှိပြီး မနှစ်ကပဲအိမ်ထောင်ကျသွားပြီဖြစ်သည်။
မြရဲ့အောက်မှာတော့ ကိုးတန်းအရွယ် ညီမလေးယောက်ရှိသေးသည်။
မိဘနှစ်ပါး၏ဝန်ထမ်းလစာသည် သားသမီးသုံးယောက်အတွက် လောက်ငှရုံသာရှိပြီး ပိုလျှံသည်ဆိုတာမျိုးဘယ်တော့မှမရှိခဲ့။
ဒါကြောင့် မြရဲ့ ကျောင်းစရိတ်နှင့် မိန်းကလေးတစ်ယောက်ရဲ့အသုံးစရိတ်အတွက် အပိုဝင်ငွေဆိုတာလိုကိုလိုအပ်လာသည်။

မြက ဒီနှစ်ဆို နည်းပညာတက္ကသိုလ်တတိယနှစ်ရောက်ခဲ့ပြီဖြစ်သည်။ဆယ်တန်းအောင်ပြီးကတည်းက မြ၏အိမ်အခြေအနေကို သိထားသောဆရာမကြီးများ၏အကူအညီဖြင့် အလယ်တန်းနှင့်အထက်တန်းကလေးများကို ဂိုက်လိုက်ပြခဲ့သည်မို့
မြ၏ ကျောင်းစရိတ်နှင့်မုန့်ဖိုးသည် အိမ်အတွက်
အရမ်းကြီးဝန်မပိစေခဲ့ပေ။
အခုလည်း မကြာခင် ကျောင်းတွေပြန်ဖွင့်တော့မှာမို့ ပိုက်ဆံကိုရှာနိုင်သမျှ ရှာဖွေစုဆောင်းနေမိသည်။

မီးပွိုင့်မှာ မီးနီလို့ဆိုင်ကယ်ရပ်ထားတုန်း ဘယ်ဘက်လက်မှာပတ်ထားသော နာရီလေးကိုငုံ့ကြည့်လိုက်သည်။ခုနစ်နာရီတောင်ထိုးနေပြီဖြစ်သည်။
နောက်ဆုံးတစ်ချိန်အနေနဲ့ မြတို့လမ်းနဲ့တစ်လမ်းကျော်က ကလေးသုံးယောက်ဝိုင်းကိုသွားရမည်။
ဒီမီးပွိုင့်ကနေ ထိုလမ်းဆီသို့ လမ်းမကြီးအတိုင်းသွားလျှင် ခုနစ်မိနစ်ကြာပြီး နည်းနည်းမှောင်ရိပ်ကျသော လမ်းသွယ်ကလေးကနေသွားလျှင် လေးမိနစ်သာကြာမည်ဖြစ်သည်။
မိုးနောက်ဆုံးအချိန်ဝင်သည့်အိမ်က ကလေးအမေက အတန်းချိန်ဝင်တာနောက်ကျလျှင် နည်းနည်းမကြည်တာမို့ ထိုအိမ်ကိုအမြန်ရောက်ဖို့ဆို လမ်းသွယ်ကလေးကနေ သွားရမည်ဖြစ်သည်။
မီးပွိုင့်က မီးစိမ်းသွားပြီမို့ ဆိုင်ကယ်ကိုအရှိန်တင်လိုက်ကာ လမ်းသွယ်လေးထဲကိုချိုးဝင်လိုက်သည်။

''ကဲ ဖိုက်တင်းဟေ့
၃၁ဘုံသားတို့ရေ....
မြ အချိန်မမှီတော့လို့ပါ
တောင်းပန်ပါတယ် မခြောက်ကြပါနဲ့နော်''

ဆိုင်ကယ်လက်ကိုင်ကိုတင်းတင်းဆုပ်ကိုင်ကာ
ပါးစပ်က တောင်းလည်းတောင်းပန်........။
သဗ္ဗုဒ္ဓေဂါထာကိုလည်း တတွတ်တွတ်ရွတ်ရင်း
ဆိုင်ကယ်ကို အရှိန်တင်ပြီးမောင်းချလိုက်သည်။
ဘေးဘီကိုလုံးဝမကြည့်ဘဲ ရှေ့တည့်တည့်ကိုသာ အာရုံစိုက်ထားလိုက်သည်။
မြက နာနာဘာဝတို့ မမြင်အပ်တဲ့သတ္တဝါတို့ဆိုရင် အရမ်းကြောက်သည်။
ဒီလမ်းသွယ်ကမှောင်ရိပ်ကျပြီးလူရှင်းရခြင်းမှာ
လမ်းဟိုဘက်ခြမ်း ဒီဘက်ခြမ်းသည် ဆန်စက်နှင့်ဆီစက်များဖြစ်နေသောကြောင့်ပင်။
တစ်လမ်းလုံးမှ မီးတိုင်တစ်တိုင်သာရှိသည့်အပြင် သရဲခြောက်သည်ဟုနာမည်ကြီးသော ကုက္ကိုပင်ကြီးလည်းရှိနေတာမို့ လူသွားလူလာမရှိတာမှာ မရှိသလောက်ပင်။
မြသည်တော့ ကိုယ့်ကိစ္စနဲ့ကိုယ်မို့ မကြာခဏဆိုသလို ကြောက်တာကိုဘေးခဏဖယ်ထားကာ
ဤလမ်းသွယ်ကို ဖြတ်ဖြတ်မောင်းနေရသည်။

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now