အခန်း ( ၁၃ ) ကြိုက်မိသွားသောအရသာ

Start from the beginning
                                    

ကောင်းဘွိုင်ဝတ်စုံနှင့်လူက တုန်ရီနေသောအသံနှင့် တောင်းပန်လိုက်သည်။

ရှုဘင်နှင့် ဗလကြီးတို့ဖြစ်ပျက်နေပုံကလည်း အမှန်ပင် ကြောက်စရာကောင်းနေရသည်ကိုး...။

ကောင်းဘွိုင်ဝတ်စုံနှင့်လူကမူ ထိုနှစ်ယောက်ကဲ့သို့ အဖြစ်အဆိုးမခံနိုင်ပေ။

မိုးကြိုးလျှပ်စီးပစ်ခွင်းခြင်းကို ဒေါသူပုန်ထကာ အပြည့်အဝ အသက်သွင်းတိုက်ခိုက်ခဲ့ပြီးနောက် မိုဖန်၏ ရင်တွင်းနှလုံးသားသည်လည်း တ‌ဖြည်းဖြည်းပြန်လည်အေးဆေးတည်ငြိမ်လာခဲ့သည်။

မြေကြီးပေါ်မှ စုတ်ပျက်သတ်နေသော ရှုဘင်နှင့် ဗလကြီးတို့အားတစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အကြည့်ကို ကြောက်ရွံ့မှု့ဖြင့် တုန်နေကြဆဲဖြစ်သည့် ကျန်သုံးယောက်ဆီသို့ ပို့လွှတ်လိုက်၏။

“ဒီနှစ်ကောင်ကို ဆေးရုံပို့လိုက်”

မိုဖန် စိတ်ကိုအေးဆေးသက်သာစွာထားပြီး တည်ငြိမ်‌စွာပြောလိုက်သည်။

မိုဖန်ကိုယ်တိုင်လည်း အခြေခံအဆင့် လျှပ်စီးဒြပ်စင်စွမ်းရည်ဖြစ်သော မိုးကြိုးလျှပ်စီးပစ်ခွင်းခြင်းစွမ်းအင်သည် ဤမျှ အတိုင်းထက်အလွန် ပြင်းထန်လိမ့်မည်ဟု တကယ်ထင်မထားခဲ့ပေ။

— ဒါဟာ ငါ့ရဲ့ ဒီစွမ်းအင်ကို ပထမဦးဆုံးအကြိမ် အမှန်တကယ် အသက်သွင်းခဲ့ခြင်းပဲ။ တကယ်လို့များ ဒီစွမ်းအင်ထုတ်ဖော်မှု့ကို ပိုမိုကျွမ်းကျင်လာပြီး ဒီ့ထက်ပို ကျင်ကျင်လည်လည်သာ ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ပစ်လွှတ်လိုက်တဲ့အခါ ဒီကြောက်စရာစွမ်းအင်ရဲ့ အမျှင်တန်းလေးတစ်ခုကိုတောင် အလဟဿဆုံးရှုံးစေနိုင်တော့မှာ မဟုတ်ဘူး။ မိုးကြိုးလျှပ်စီးပစ်ခွင်းခြင်းစွမ်းအင်ကို အပြည့်အဝသာ ထုတ်ဖော်ပစ်လွှတ်နိုင်ခဲ့ရင် ဒီငါးယောက်လုံး ဒီနေရာမှာပဲ  ပေါက်ကွဲမှု့ကြောင့် ချက်ချင်းသေသွားမလားတောင် စိုးရိမ်ရတယ်။ --

-- ပိုစွမ်းလေ ပိုကောင်းလေပေါ့။ ဒါပေမယ့် ဘယ်သူမှ ဒီမတော်တဆမှု့ကြောင့် အသက်မထွက်ကုန်ဘူးဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒီလိုမှမဟုတ်ရင် ပြဿနာက ပိုကြီးသွားနိုင်တယ်။ --

စွယ်စုံမှော်ဘုရင် မိုဖန်Where stories live. Discover now