10

224 26 1
                                    

" မင်းတို့ဘာသာဆော့ "

" ဘာလို့လဲ Hyungကလည်း အစောကြီးရှိသေးတာအပေါ်တက်တော့မလို့လား "

အပေါ်တက်တော့မည့် DoYoungအား ကျန်ကလေးများက ဝိုင်းဆွဲထားကြသည်။

" အိပ်ချင်နေပြီ... "

"အာ...မရဘူး မရဘူး ဆော့ရမယ် ဆော့ကိုဆော့ရမယ် "

ရေချိန်ကိုက်နေပြီဖြစ်သော JungWooက DoYoungခြေထောက်အားဆွဲဖက်ထားရင်း မလွှတ်တော့ပေ။
ဒီလိုနှင့်ပင် မငြင်းနိုင်တော့သော DoYoungဟာလည်း ကလေးကစားပွဲအတွင်းသို့ဝင်ပါရလေပြီ။

ဘေးနားမှTaeYongကို ကြည့်လိုက်ချိန်မှာလည်း ဘာမှမပြောပါဘဲ မျက်နှာတစ်ခုလုံးနီရဲနေပုံရ မူးနေလောက်ပြီဟုတွေးမိရင်း DoYoungပြုံးမိသွားသည်။

" Hyungရော...ဆော့ဦးမလို့လား "

DoYoungတိုးတိုးလေးကပ်မေးလေတော့..." မင်းမတက်သေးရင် ကိုယ်လည်းဝင်ဆော့မယ်"ဟု ​ဖြေလာသည်။

ဆရာကြီးHaeChanဟာတော့ သူသောက်ထားလို့ကုန်​​ပြီဖြစ်သော အအေးဖန်ပုလင်းကို အကုန်လုံးဝိုင်းထိုင်နေသောအလယ်ကိုချကာ လှည့်ဖို့ပြင်သည်။

"ဒီလိုကြီး လှည့်ဆော့မှာလား "

"ဟုတ်တယ်လေ "

"အဲ့တော့...ပုလင်းကညွှန်ပြတဲ့သူကအမေးခံရမယ်ပေါ့..."

"ဟုတ်တယ်လေ "

" ဒါဆို တစ်ယောက်ထဲကိုပဲ လေးငါးခါကျနေရင်ရော"

"အဲ့ဒီတစ်ယောက်ကပဲ လေးငါးခါဖြေပေါ့ Lee Morkရဲ့!!! အမေးအမြန်းထူလိုက်တာ "

မက်ဂျူသောက်ထားလို့ရီဝေဝေဖြစ်နေသော Markမှာ ပြန်ချေပဖို့အားမရှိပါ။
သို့ပေမယ့် ဒီဂိမ်းက ဟုတ်မနေဘူးဟုသာခံစားနေမိသည်။
ကျန်သောသူများဟာလည်း HaeChanနဲ့ စကားပြိုင်လုပြောမနေချင်သဖြင့် သဘောရှိသာလွှတ်ထားလေသည်။

သို့ဖြင့် ပထမဆုံးအကြိမ် ပုလင်းလှည့်လိုက်မှုတွင် မဲပေါက်သွားသူမှာ TaeYong....

" Hyung... Truth or Dare"

HaeChanကမေးလိုက်လေသည်။

" Truth..."

" Hyungမှာ ချစ်သူရှိလား "

HaeChanအမေးကြောင့် ကျန်သူများဟာလည်း TaeYongကိုအပေါ်အာရုံစုစိုက်ကြည့်လာ၍ မနေတတ်စွာပင် TaeYongချောင်းဟန့်မိတော့ DoYoungဟာလည်း သူ့အားကြည့်နေသည်။

Dandelion Where stories live. Discover now