Intro

606 66 12
                                    

Dandelionဆိုတဲ့ ပန်းလေးတွေက ဆုတောင်းပြည့်စေတယ်တဲ့လေ...

ကိုယ်ဟာ Dandelionပန်းပွင့်လေးကိုမှုတ်လို့ဆုတောင်းမိတယ်

မင်းရဲ့ဆန္ဒမှန်သမျှကို ဖြည့်ဆ​ည်းပေးနိုင်တဲ့ မင်းရဲ့ Dandelionပန်းပွင့်လေးဟာ ကိုယ်ဖြစ်ပါစေပေါ့~~~

______________________________________

"ဘာလို့ငိုနေတာလဲ "

လမ်းဘေးမှာ ဆောင့်ကြောင့်ထိုင်လို့ဒူးပိုက်လျက်ခေါင်းငုံ့ကာ ငိုနေသောကလေးလေးအရှေ့သို့ နောက်ထပ်ကလေးငယ်တစ်ဦးက ရပ်နေသည်။
မျက်ရည်များပြည့်နေသော မျက်ဝန်းကျယ်ကြီးနှင့်ကလေးဟာ သူ့အရှေ့မှရပ်နေသော ကလေးငယ်ကိုမော့ကြည့်သည်။

" မေမေ့ကိုမတွေ့တော့ဘူး "

ပြောရင်းမှပင် အငိုသည်းလာပြန်သောကောင်လေးကြောင့် မတ်တပ်ရပ်နေသောကောင်လေးဟာလည်း ငိုနေသောကောင်လေးအရှေ့မှာထိုင်ချလိုက်သည်။

" မငိုပါနဲ့ "

ထိုကလေးငယ်ဟာ ငိုနေသော ကလေးငယ်ရဲ့မျက်နှာမှမျက်ရည်များကိုသုတ်ပေးသည်။

"ငါ ကူရှာပေးမယ်လေ "

ထိုသို့ဆိုကာ ငိုနေသောကောင်လေးလက်ကိုဆွဲရင်း မတ်တပ်ရပ်စေသည်။

"ဘယ်နားမှာပျောက်သွားတာလဲ "

"အရှေ့နားက မုန့်ဆိုင်မှာ "

"လာ...အဲ့ဒီမှာရပ်စောင့်နေမယ် ငါ့မေမေကပြောတယ် မေမေနဲ့လူစုကွဲသွားရင် ကွဲသွားတဲ့နေရာမှာပဲ ရပ်စောင့်နေတဲ့ သူကပြန်လာခေါ်မယ်တဲ့ "

လက်ကိုဆွဲရင်း သူတို့ပြောသော မုန့်ဆိုင်ရှေ့ရောက်လာကြသည်။

" မင်းမေမေကရော မင်းကစျေးထဲတစ်ယောက်ထဲသွားနေတာ မကြောက်ဘူးလား "

" မကြောက်ပါဘူး ငယ်ငယ်ကတည်းက မေမေနဲ့အတူ ဒီစျေးကိုလာနေကျ ပြီးတော့ ငါတို့အိမ်က ဟိုးနားလေးမှာလေ နီးနီးလေ "

ကလေးချင်းတွေ့ကြတဲ့အခါ ကလေးသဘာဝ စကားမပီတပီနှင့်စကားပြောကြရင်း ငိုနေသောကလေးငယ်ဟာ မျက်ရည်များပင်ခြောက်လို့သွားကာ ဘေးမှကလေးငယ်နှင့်စကားတများများ။ ရွှင်ပြပြအပြုံးနှင့်ကလေးငယ်ကြောင့် ငိုနေသောကလေးငယ်ဟာလည်း စိတ်သက်သာရာရပုံပေါ်သည်။

" သားလေး "

ထိုအချိန်မှ အမျိုးသမီးတစ်ဦးဟာ အော်ခေါ်ရင်းပြေးလာလေတော့ မျက်ရည်များပြန်ဝဲလို့လာတဲ့ကလေးငယ်ဟာ ထိုအမျိုးသမီးကိုပြေးဖက်သည်။

"မေမေ "

"သားရယ်...မေမေဖြင့်ရူးတော့မယ်တောင်ထင်တယ်... သားကိုရှာမတွေ့မှာစိုးနေတာ "

တင်းတင်းကြပ်ကြပ်ဖက်လို့ငိုနေသောအမျိုးသမီးဟာလည်း ဘယ်လောက်စိတ်ပူလိုက်လေမလဲ။
ခြောက်နှစ်သာသာ သာရှိသော ကလေးကိုထိုကဲ့သို့ ရုတ်တရက်ပျောက်သွားမှုကိုကြုံလိုက်ရသည်မဟုတ်ပါလား။

" သားကို သူက ကူစောင့်ပေးနေတာ မေမေ "

အနောက်မှရပ်နေသော ကောင်လေးကို လက်ညှိုးထိုးပြချိန်မှာ ကလေးငယ်ဟာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလို့ပြသည်။

" သားကိုလည်း အန်တီကကျေးဇူးပါနော် "

"ရပါတယ်ခင်ဗျ ဒါဆိုသားသွားတော့မယ်နော် တာ့တာ "

တက်တက်ကြွကြွပင်နှုတ်ဆက်ကာကျောခိုင်းလို့ပြေးသွားသောကောင်လေး ခပ်လှမ်းလှမ်းရောက်ခါမှ မိခင်ရင်ခွင်ထဲမှကောင်လေးဟာလှမ်းအော်လိုက်ပါသည်။

" မင်းနာမည် မပြောသွားရသေးဘူး"

အသံဆာဆာလေးဟာထွက်ပေါ်လာတော့ အတော်ဝေးဝေးရောက်နေပြီဖြစ်တဲ့ကောင်လေးဟာလည်း ကြား၍လှည့်ကြည့်ကာ နှုတ်ခမ်းဘေးတစ်ဖက်ဆီမှာ လက်ကိုထားရင်း အော်ကာပြောသည်။

" Kim!  Do! Young! "

နာမည်ကိုဖြေပြီးသည်နှင့်ပြုံးကာ လက်ဝှေ့ရမ်းပြရင်း ထိုကောင်လေးက ပြေးထွက်သွားပြီဖြစ်သည်။

" သားနာမည်လည်းပြန်မပြောလိုက်ရဘူး "

နှုတ်ခမ်းတထော်ထော်နှင့်မိခင်ဖြစ်သူကိုပြောတော့ အမျိုးသမီးဟာပြုံးသည်။

" ရေစက်ပါရင် ပြန်တွေ့ရမှာပေါ့ အဲ့ဒီအခါပြောပြလိုက်လေ သားရဲ့ "

" ရေစက်ဆိုတာ ဘာလဲမေမေ "

" ရေစက်ဆို တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့ကံပါလာတာပေါ့ ဘယ်သူတားဆီးတားဆီး တွေ့ကိုတွေ့ဆုံကြရမဲ့ကံ သားနဲ့အဲ့ဒီ ကလေးငယ်လေးကလည်း ခုနကရေစက်ပါခဲ့လို့တွေ့ခဲ့ကြတာလေ... နောက်ထပ် ရေစက်ထပ်ပါရင်ထပ်တွေ့ကြမှာပေါ့ "

​ခြောက်နှစ်သာသာကလေးငယ်ရဲ့ အတွေးထဲမှာတော့ ရေစက်ဆိုတဲ့စကားလုံးဟာ ကြီးစိုးခဲ့ပါသည်။

" ရေစက်ပြန်ဆုံကြမယ် Kim DoYoung "

_________________________________________

Dandelion Where stories live. Discover now