2

318 55 0
                                    

တစ်ယောက်တည်းအမြဲ တိုက်ခန်းငယ်လေးထဲမှာပဲ နေနေပြီး ပန်းချီသာဆွဲနေတဲ့ TaeYongကို သူ့ရဲ့အဒေါ်ဖြစ်သူက စိုးရိမ်နေလေပြီဖြစ်သည်။
ဒါကြောင့်နဲ့ပဲ ဘယ်လိုစုံစမ်းပြီးသိခဲ့မှန်းမသိသော ဒီအိမ်မှာ အငှားနေစေလေရဲ့။
လောကကြီးနဲ့အဆက်အသွယ်ပြတ်နေတဲ့ TaeYongပုံစံကို အဒေါ်ဖြစ်သူက စိုးရိမ်လျှင်လည်းစိုးရိမ်ချင်စရာပါလေ။

အစကတော့ငြင်းပေမယ့် နားချလွန်းလို့ အဒေါ်စိတ်အဆင်ပြေအောင် လအနည်းငယ်လောက်တော့ နေကြည့်မည်ဟုစိတ်ကူးဖြစ်လိုက်သည်။

မထင်မှတ်အောင်ပဲ ဘယ်တော့မှမမေ့ခဲ့တဲ့ အပြုံးလှလှပိုင်ရှင်ကို TaeYongပြန်တွေ့ခဲ့ရသည်လေ။

"မေမေပြောတဲ့ရေစက်က နောက်ဆုံးတော့ ပြန်ဆုံပြီထင်တယ် "

အမေဖြစ်သူနှင့်သူ တွဲလို့ရိုက်ထားတဲ့ မှန်ဘောင်လေးနှင့် ဓာတ်ပုံကို TaeYong အိပ်ယာဘေးမှာတင်ထားလိုက်ရင်း ခပ်ဖွဖွပွတ်သပ်သည်။

" သူနဲ့ပြန်တွေ့တဲ့အကြောင်း မေမေမသိသွားရတော့ဘူးပေါ့ "

အခန်းတွင်းကိုလှည့်ပတ်ကြည့်တော့ တစ်ယောက်စာအတွက်တော့ ကျယ်ဝန်းလှသော အနေအထားပင်။
စားပွဲနှင့်ခုံလေးတွေလည်းရှိသလို ရေချိုးခန်း၊အိမ်သာဟာလည်း အခန်းတွင်းတွဲရက်ရှိသည်။
ပန်းချီဆွဲဖို့အတွက်နေရာ အနေအထားကလည်းလုံလုံလောက်လောက်ရှိပါသည်။
နောက်ပြီး လေဝင်လေထွက်ကောင်းသော ပြတင်းပေါက်တစ်ချက်ရောပေါ့။

TaeYongဟာထိုပြတင်းပေါက်နားသို့သွားရပ်လိုက်ချိန်မှာ လေပြေနုနုနှင့်အတူ နေရောင်ခြည်နွေးနွေးကိုခံစားရသည်။
သို့ပေမယ့် သူဟာ ချက်ချင်းကိုပြတင်းတံခါးအားပိတ်လိုက်ကာ လိုက်ကာပါဆွဲချလိုက်သည်။

ဒီလိုအလင်းရောင်တွေ၊ နေရောင်ခြည်တွေကိုမနှစ်မြို့။
အမှောင်ထဲမှာသာ နေခဲ့ပြီးအ​မှောင်နှင့်သာအသားကျနေသည်မှာကြာခဲ့ပြီလေ။

ထို့နောက် အဒေါ်ဖြစ်သူကို အိမ်သို့ရောက်ပြီဖြစ်ကြောင်း လှမ်း၍ဖုန်းဆက်လို့အကြောင်းကြားရသေးသည်။

" TaeYongie ဘယ်လိုလဲ အဆင်ပြေရဲ့လား "

" အဆင်ပြေပါတယ် တီလေး "

Dandelion Where stories live. Discover now