8

214 42 0
                                    

DoYoungနှင့်TaeYongဆက်ဆံရေးဟာ အလျင်အမြန်ပဲ ရင်းနှီးသည်ထပ်ပို၍ရင်းနှီးလာပြီဖြစ်သည်။

DoYoungဆိုင်သို့သွားသောအခါ TaeYongကလည်း လိုက်လာတတ်ပြီး အိုးများကူလုပ်ပေးသေးသည်။ DoYoungဟာလည်း အကြောင်းအရာများသိခဲ့ရပြီးသည့်နောက် အသေးစိတ်ကအစ ကူညီဂရုစိုက်ပေးကာ TaeYong၏ စိတ်ထွက်ပေါက်တစ်ခုအဖြစ်ရှိပေးသည်။
ထို့ကြောင့်ပင် TaeYongမျက်နှာဟာ အရင်ကထပ်ပို၍ ကြည်လင်လန်းဆန်းပုံပေါ်လာသည်ဟု သူ၏အဒေါ်ကတွေ့ချိန်မှာ ဝမ်းသာအားရစွာပြောလာသေးသည်။

ဤအိမ်မှာနေရသည့်အချိန်တွေမှာ TaeYongအမှန်တကယ် ပျော်ရွှင်ရခြင်းဖြစ်သည်။
ခံစားခဲ့ရသမျှ ကံဆိုးမှုတွေဟာ လေကဲ့သို့ပျောက်ကွယ်သွားပြီး ယခုအချိန်မှာသူဟာ ဘဝအသစ်တစ်ခုပြန်လည်စတင်ရသည့်နှယ် ခံစားမှုတို့ကိုဖြစ်ပေါ်စေသည်။
DoYoungနှင့်တွေ့ဆုံရသည့်အချိန်တိုင်းဟာ သူ့ဘဝ၏ အကောင်းဆုံးအချိန်တွေပင်ဖြစ်သည်။

" အိုးပေါ်မှာ Hyungဆွဲပေးတဲ့ပုံကို Kunက သဘောကျနေလေရဲ့လေ "

အရင်လိုအခန်းတွင်းမှာသာ ကိုယ့်ကိုယ်ကိုယ်ပိတ်လှောင်မထားတော့ဘဲ အိမ်အောက်ထပ်သို့ဆင်းကာ အချိန်တော်တော်များများကို DoYoungနှင့်စကားပြောရင်းကုန်ဆုံးစေသည်။

ယခုတွင်လည်း မီးဖိုချောင်တွင် သန့်ရှင်းရေးလုပ်နေသောDoYoungကို ကူရင်း DoYoungဟာ ပန်းအိုးပေါ်မှာ သူဆွဲပေးခဲ့သောပုံအကြောင်းနှင့် Kunက သဘောကျသည့်အကြောင်းချီးကျူးစကားဆိုလာသည်။

" ဒါနဲ့ မနက်ဖြန် ကျောင်းပိတ်ရက်ဆိုတော့ ကလေးတွေလည်းရှိတော့ ကျွန်တော်တို့ ဂင်မ်ချီစိမ်ကြမလား "

DoYoungဟာ TaeYongကို အထီးကျန်မှုတွေမှဆွဲထုတ်ပေးပြီး လူတိုင်းနဲ့ နီးနီးကပ်ကပ်ရှိစေချင်သည်မှာ သိသာလှသည်။
TaeYongဟာလည်း နဂိုထပ်စာလျှင် အဆင်ပြေလာသည်ကြောင့်၊ DoYoungရှိသည်ဟူသောအသိကြောင့်အပြင် ဤအိမ်မှ ကလေးများနှင့်အတော်အသင့်ရင်းနှီးနေပြီဖြစ်သောကြောင့် ထိုစကားအားလက်ခံလိုက်သည်။

" ဒါဆို ညနေကျ လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်ရမှာပေါ့...Hyung လိုက်ခဲ့မယ်မလား "

Dandelion Where stories live. Discover now