4

265 54 2
                                    

" Lee MinHyung!! "

အနောက်ဘက်ဆီမှ အော်ခေါ်သံကြောင့် Markဟာ လှည့်မကြည့်ပါဘဲ ကြိတ်ပြုံးလိုက်သည်။
ခြေသံပြင်းပြင်းနှင့်အတူ ဆွဲလှည့်ခံလိုက်ရမှုကြောင့် မျက်နှာပိုးသတ်ကာ မှုန်ကုပ်ကုပ်နှင့်ပြန်ကြည့်လိုက်တော့ နှာခေါင်းနှင့်နားမှ အငွေ့များပင်ထွက်သယောင် တရှုးရှုးတရှဲရှဲနှင့်ဒေါသထွက်နေသော HaeChanကိုမြင်ရသည်။

" တမင်လုပ်တာမလား ခင်ဗျား! "

" ဟေး! ဘာတွေလာပြောနေတာလဲ "

" သန့်ရှင်းရေးအတွက် Volunteerလေ ခင်ဗျားတို့ Basketballပွဲမှာ "

"မဟုတ်ပါဘူး..အဟက် "

ထိန်းပြောနေသည့်ကြားမှရယ်သံထွက်မိတော့ HaeChanမျက်နှာဟာဒေါသကြောင့်ပိုလို့ပင်ရဲတက်သွားသည်။

HaeChanဒေါသထွက်သည်ကလည်းမမှားပါ။
ကျောင်းတွင်းပြိုင်ပွဲအတွက် ပွဲအတွင်းအကူနှင့်သန့်ရှင်းရေးလုပ်ဖို့ လုပ်အားပေးကျောင်းသားများခေါ်သည့်စာရင်းမှာ HaeChanနာမည်ကို တမင်ရေးထည့်ခဲ့ခြင်းဖြစ်သည်။
ထိုသို့လုပ်ရသည်ကိုမကြိုက်သော HaeChanဟာတော့ သူတောင်မသိလိုက်ပါဘဲ နာမည်စာရင်းမှာရောက်နေသည်ကို အခုတွေ့ကာ Markကိုရန်လာတွေ့ခြင်းပင်။

"ရယ်နေတယ် ဟုတ်လား Lee MinHyung!!"

"ဘာလို့ငါ့ကိုလာစွပ်စွဲနေတာလဲ သက်သေရှိလို့လား "

" အဲ့ဒီစာရင်းကို ကိုင်တာ ခင်ဗျားလေ Lee Markရဲ့ !! "

အော်လို့ပြောနေသော HaeChanကြောင့် Markမှာ နားပင်ပိတ်ထားရသည်။

" အခုမှပဲ ငါ့နာမည်ကိုအမှန်ထွက်တော့တယ်...ပြီးတော့ ငါကမင်းလိုမဟုတ်ဘူးနော် စာရင်းထဲမှာ မင်းနာမည်ကိုမမှားအောင်သေချာစာလုံးပေါင်းရေးပေးခဲ့တာ "

ထိုသို့ပြောကာ HaeChan နဖူးထိပ်ဖျားကိုလေဖြင့်မှုတ်ပြီး ရွဲ့ပြုံးတစ်ခုပြုံးပြကာ Markဟာ ချက်ချင်းပင်ပြေးထွက်သွားပါသည်။

ကျန်ခဲ့သူ HaeChanဟာတော့ အခြားသူများပင်ဂရုမစိုက်နိုင်ဘဲ ထွက်သွားသူ Markကို အော်ဟစ်ကာ ဆဲရေးနေပါတော့သည်။

_________________________________________

" JungWooရော Hyung "

ဧည့်ခန်းအတွင်းမှာထိုင်နေသူ DoYoungကို အလောတကြီးမေးလာလေတဲ့JaeHyunကြောင့် ဘေးမှထိုင်နေသူ RenJunပင်လန့်သွားရသည်။

Dandelion Where stories live. Discover now