7

218 42 4
                                    

" Hyung....Hyung!! "

မျက်လုံးများပင်နီရဲလာသော TaeYongပုံစံကိုကြည့်ရင်း DoYoungဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။
Kunပင်လျှင် DoYoungတို့ဘက်သို့ပြေးလာပြီး TaeYongအခြေအနေကိုစိုးရိမ်တကြီးနှင့်မေးလာသည်။

" DoYoung ဘာ...ဘာဖြစ်တာလဲ အဆင်ပြေရဲ့လား "

DoYoungဟာ Kunကိုတစ်ချက်ကြည့်ရင်း ခေါင်းခါပြလိုက်ကာ TaeYongဆီသို့သာအကြည့်ပြန်ပို့လိုက်သည်။
ယခုအချိန်အထိ ခက်ခက်ခဲခဲအသက်ရှုနေရပုံပေါ်သောTaeYong၏လက်တစ်ဖက်ဟာသူ့ရင်ဘတ်ပေါ်တွင် ခပ်တင်းတင်းဆုပ်ကိုင်တင်ထားရင်း ကျန်လက်တစ်ဖက်မှာတော့ DoYoungလက်အားကိုင်ထားဆဲ။

" TaeYong Hyung! "

DoYoungလက်ကိုဆုပ်ကိုင်ထားသော TaeYongလက်ပေါ်သို့ DoYoungဟာ သူ၏ကျန်နေသေးသော လက်တစ်ဖက်ဖြင့် ခပ်ဖွဖွအုပ်ကိုင်လို့ ညင်သာစွာပွတ်သပ်ပေးလိုက်ပုံမှာ ဤဖြစ်ရပ်မှ သက်သာလိုသက်သာငြား။

Kunဟာ ဆေးရုံကားပင်ခေါ်တော့မည့်ဆဲဆဲမှာမှ တဖြည်းဖြည်းအသက်ရှုသံမှန်လာသောTaeYongကြောင့် ခဏတော့ဖြစ် အခြေအနေကိုအကဲခတ်ရန်ကြည့်လာသည်။

" အဆင်ပြေရဲ့လား Hyung!... နေရထိုင်ရတာရော... အဆင်ပြေရင် ဆေးရုံသွား... "

" ကိုယ်အဆင်ပြေပါတယ် "

အသံဟာ အားအင်များအကုန်ယူဆောင်သွားခြင်းခံရသလို တိုးဖျော့ဖျော့သာ။

" ရေသောက်လိုက်ပါဦး "

အလိုက်တသိပင်ရေတစ်ခွက်ယူလာပေးသောKunကို TaeYongကျေးဇူးတင်စကားဆိုလိုက်သည်။

" ကျေးဇူးတင်ပါတယ်... ကျွန်တော့်ကြောင့်အတော်လန့်သွားမှာပဲ တောင်းပန်ပါတယ် "

" ရပါတယ်...အခုရော တကယ်အဆင်ပြေရဲ့လား ဆေးရုံမသွားလို့ရော အဆင်ပြေပါ့မလား "

"တကယ်အဆင်ပြေပါတယ်..."

Kunဟာလည်း ခေါင်းသာခပ်ဖွဖွငြိမ့်ပြလိုက်သည်။

TaeYongမှာ ရေတစ်ခွက်သောက်ပြီးသည်အထိ DoYoungလက်အပေါ်တင်းတင်းဆုပ်ကိုင်ထားသော သူ့လက်အပေါ်မှ အထိအတွေ့နွေးနွေးဟာ ယခုထိခံစားနေရဆဲဖြစ်သည်။

မျက်လုံးများဟာ မနေနိုင်ပါဘဲ ထိုလက်နေရာအားကြည့်မိတော့ စိုးရိမ်နေပုံပေါ်တဲ့DoYoungမျက်နှာဟာ ချက်ချင်းပင် မျက်လုံးအနည်းငယ်ပြူးကျယ်သွားရင်း TaeYongလက်များကိုလွှတ်လိုက်၏။

Dandelion Where stories live. Discover now