"ဟုတ်ဘူးလေ အန်ကယ်သိုက်ကလည်း။
ရေချယ်ကလိုက်သွားချင်တာပါဆို"

"ကလေးကတောင်ပြောနေပြီ။မင်းတို့ ဘယ်လိုလုပ်မှာလဲ ပြော"

"မီးငယ် လိုက်သွားချင်လို့လား"

"ဟိုက်"

"ကောင်းပြီ။အဲ့လိုဆိုရင်တော့ ဒီတစ်ညလိုက်အိပ်လိုက်။ မနက်ဖြန်တော့ ကျောင်းမသွားသေးနဲ့အုံး... နေ့လည်ပိုင်းလောက် ပြန်ခေါ်လာမယ် okလား"

ထင်လင်းသိုက်ရဲ့ဆုံးဖြတ်ချက်ကိုသာ အတည်ယူပြီး မစိမ့်နဲ့လိုက်သွားဖို့ မီးငယ်တစ်ယောက် တတ်ကြွနေပြီ။

:::::

"တစ်ခါမှခွဲမနေဘူးတော့ စိတ်ထဲမကောင်းဘူး"

ညဘက်လေတဖြူးဖြူးတိုက်နေတာမို့ ဝရံတာထွက်ထိုင်နေတဲ့ သူတို့၃ယောက်ကြား
ဂုဏ်နဂါးတစ်ယောက်ကသာ မျက်ရည်တစမ်းစမ်းဖြစ်နေ၏။

"အခုချိန်ကြီးသွားပြန်ခေါ်ရင်လည်း အားနာစရာတွေဖြစ်ကုန်မယ်ထင်တယ်နော်"

"ထားလိုက်ပါနဂါးရာ။ကလေးက မစိမ့်နဲ့ လိုက်သွားတာကို ဘယ်သွားတာလည်းမဟုတ်"

"မင်းတို့ ငါ့ကိုအပိုတွေလုပ်တယ်ထင်လည်း ထင်ကွာ။ မီးငယ်မရှိတော့ အိမ်က တိတ်ဆိတ်နေတာပဲ။ငါဖြင့် မီးငယ်ညဘက် ဗိုက်ဆာရင်ကျွေးဖို့ ကိတ်မုန့်ဖုတ်ထားတာကွ"

"မနက်ဖြန်ပြန်လာမှာပဲဟာကိုကွာ အဲ့ကျမှ ကျွေးလိုက်ပေါ့"

"တစ်ညလေးခွဲနေရတာတောင် ရင်ထဲမကောင်းတာ မီးငယ်အသက်ကြီးပြီး ချစ်ရသူတွေ့လို့ ငါတို့ကိုခွဲသွားခဲ့ရင်..."

စကားကိုဆုံးအောင်မပြောနိုင်ခင်မှာ ဂုဏ်နဂါးမျက်ရည်ကျလာတော့၏။ သူတို့3ယောက်ထဲမှာ နဂါးက အနည်းငယ် နူးညံ့တဲ့အသွင်ကိုဆောင်တယ်။စိတ်ကလည်း ပျော့တာအပြင် မီးငယ် ငယ်ငယ်ထဲ ဝေယာဝစ္စတွေ လုပ်ပေးခဲ့တဲ့လူဆိုတော့ မီးငယ်တစ်ခုခုဆို သူအရင်မျက်ရည်ကျတော့တာပဲ။

"လင်းသိုက် ဘယ်လိုလုပ်ပြီးများ ကလေးကိုစိတ်ချလိုက်လဲမသိဘူး"

ဂုဏ်နဂါးရေရွတ်လိုက်သည်က စိတ်ပျက်ဟန်ဖြင့်။

သို့သော် ဝရံတာကိုမှီ၍ ကျောပေးထားကာ စီးကရက်ရှိုက်ဖွာနေတဲ့ ထင်လင်းသိုက်က အေးဆေးပင်။

HUSBAND:DaddyWhere stories live. Discover now