"ဟင် ! အန်တီ့အိမ်ကို လိုက်ချင်နေတာ ဘယ်လိုသိလဲ"

"ကြည့်လေအဲ့မှာ... မင်းတို့က ကလေးကို ကျောင်းနဲ့အိမ်မှာပဲ ပိတ်လှောင်ထားကျတာ ကလေးကဘယ်ပျော်ပါတော့မလဲ။ ဟုတ်တယ်နော် ရေချယ်လေး"

မီးငယ်ဖြေလာမဲ့အဖြေကို စောင့်ဆိုင်းနေတဲ့သူ ၃ယောက်ကတော့ မျက်နှာအပျက်ပျက်နဲ့ပါ...

"ဟင်း... မပျော်ဘူးလို့လည်းမဟုတ်ပါဘူး အန်တီစိမ့်ရဲ့ ပျော်ပါတယ်။ဒါပေမဲ့ ရေချယ်လည်း အပြင်ကိုသွားကြည့်ချင်လို့"

ထိုစကားကြောင့် မျက်နှာအကြီးအကျယ် ပျက်သွားသူက ထင်လင်းသိုက်ဖြစ်သည်။

"မီးငယ်က ဒီအန်တီအိမ်ကို လိုက်သွားချင်လို့လား"

"ဟိုက်။အကြာကြီးမနေပါဘူး။ အလည်ပဲသွားမှာ"

"နေမကောင်းဘူးလေ"

"အန်တီကဆရာဝန်ပဲဟာကို အန်တီကုပေးမှာပေါ့"

"အေးလေ ထင်လင်းသိုက်ရဲ့။ငါကဆရာဝန်ပါဟဲ့။မင်းတို့ကသာ မထည့်ပေးချင်လို့ အကြောင်းအမျိုးမျိုးပြနေတာ"

ကလေးက သူမဘက်ကဆိုတိုင်း အကြီးအကျယ်အာဏာပြနေတဲ့ မင်းသန့်ရဲ့ crushဒေါက်တာမမအား ဂုဏ်နဂါးစိတ်အချဉ်ပေါက်လာပြီ။

မြန်မာသွေးပါတဲ့ ကပြားဖြစ်နေတဲ့အပြင်
အိမ်ချင်းကလည်း သိပ်မဝေးလှတာမို့ သူတို့တွေအိမ်ပြောင်းကာစက မစိမ့်မယ်ရီကိုတို့ မိသားစုက အများကြီးကူညီပေးခဲ့ဖူးတယ်။ ဒါ့အပြင်
မစိမ့်က သူတို့ထပ်2နှစ်ကျော်လောက်ကြီးတဲ့ အပျိုကြီးပီပီ ရောက်လာတိုင်း မီးငယ်ကိုခေါ်သွားဖို့သာ စကားဦးသန်းနေကျ။

"အန်ကယ်တို့ကလည်း ရေချယ်ခဏလေးပဲ လိုက်သွားမှာကို"

"အဲ့မှာ ညအိပ်မှာလားမီးငယ်"

"နဂါးရယ် မင်းမလည်းနော်။အချိန်ကိုကြည့်အုံး ည8နာရီရှိနေပြီ ညမအိပ်လို့ ဘာလုပ်မလဲ။ ထည့်ပေးလိုက်ကျစမ်းပါ... ပြီးတော့ ကလေးကနေကောင်းတာလည်း မဟုတ်ဘူး။ညရေးညတာတစ်ခုခုဆို ဆရာဝန်နဲ့ နီးနီးကပ်ကပ်နေတာ ပိုကောင်းတာပေါ့"

"မီးငယ်ငယ်ငယ်ထဲက ကိုယ်တို့ပဲ ထိမ်းလာတာပါ မစိမ့်။နေမကောင်းတာကြောင့်ဆိုပြီး ခေါ်သွားချင်တယ်ဆိုရင် စိတ်ချလို့ရပါတယ်"

HUSBAND:DaddyWhere stories live. Discover now