"အသက်မပြည့်သေးတဲ့ကလေးကို သားသမီးလိုအပ်မှုကြောင့် ခေါ်ခဲ့တာမဟုတ်ဘူးဒယ်ဒီ။လောဘ၊တပ်မက်မှုတွေကင်းတဲ့ အဖြူထည်မေတ္တာတွေနဲ့ စောင့်ရှောက်ပေးခဲ့တာပါ...အဲ့တာကို တဏှာလို့ခေါင်းစဉ်မတပ်လိုက်ပါနဲ့"

ထင်လင်းသိုက်ရူးနေပြီလို့သာ အော်ဟစ်လိုက်ချင်သည်။ ငယ်ငယ်ထဲက သူ့ကိုဒီလိုမျိုး ဘယ်တုန်းကများ အာခံဖူးသလဲ။ 'ကျွန်တော်'ဆိုတဲ့အသုံးအနှုန်းအစား'ကိုယ်'လို့သုံးကာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ၊
အာဏာရှင်ဆန်တဲ့ စကားလုံးတွေနဲ့ ရှယ်ယာရှင်တွေကို ငြိမ်သက်စေခဲ့တဲ့သူ။သူ့စည်းကမ်းတွေနဲ့ တစ်သက်လုံးနေလာခဲ့ပြီးမှ အရွယ်ရောက်လာချိန်မှာ ရေချယ်ဆိုတဲ့ ကလေးမကြောင့် သူ့ကိုခြေစုံကန်သွားတဲ့ သားကို မယုံကြည်နိုင်စွာ။ အရင်ကထပ်ပိုပြီးအေးစက်စက်အပြုအမှုတွေရှိပေမဲ့ ထင်လင်းသိုက်ရဲ့နှလုံးသားက နွေးထွေးနေခဲ့တာ သူ့မျက်မြင်ကိုယ်တွေ့ဖြစ်သည်။

::::::

ကျောင်းမတတ်ရတော့ပဲ အိမ်ပြန်လိုက်လာ ရတာမို့ ရေချယ့်ခြေလှမ်းတွေက သွက်လက်နေလေရဲ့။ အန်ကယ်သိုက်ကတော့ ရေချယ့်ကို တော်လွန်းလို့ မုန့်တွေကျွေးတော့မယ်ထင်တယ်...ဟုတ်တယ် အန်ကယ်သန့်ပြောတဲ့ ဘိုးအေကြီးဆိုတာကို ခေါ်လိုက်တဲ့အချိန် အန်ကယ်သိုက်နဲ့ ဖိုးဖိုးကြီးရဲ့ မျက်နှာက အံ့သြသွားတဲ့ပုံတွေလေ။ကြည့်ရတာတော့ ရေချယ်တော်လွန်းလို့ အံ့သြသွားကျတာပဲ နေမှာပါ။

"ဆင်း ရေချယ်လင်းသိုက်"

"ဟင် မုန့်ကရော"

"အခုဆင်းစမ်း"

"ဘာဖြစ်လို့လဲလို့"

ခြေထောက်တစ်ချက်ဆောင့်ကာ
ဆူအောင့်အောင့်နဲ့ကားပေါ်ကဆင်းလိုက်တော့ အန်ကယ်သန့်ကပါအိမ်ထဲကထွက်လာတယ်။

"ဘာဖြစ်လို့ပြန်ခေါ်လာတာလဲ မီးငယ်နေမကောင်းဘူးလား "

"ဟုတ်ပါဘူး အန်ကယ်သန့်ကလည်း"

"ဒါဖြင့် ဘာဖြစ်တာလဲဟ"

ထင်လင်းသိုက်ရဲ့မျက်နှာကြီးက မဲမှောင်ကာ ကြောက်မက်ဖွယ်အတိဖြစ်နေ၏။ဒါကြောင့် မင်းသန့်ပြုံးမောင်ကို ချီခိုင်းဖို့ လက်လှမ်းနေတဲ့ မီးငယ်ကိုပွေ့ဖို့ သွားလိုက်သည်။သို့တိုင် သူ့ခြေလှမ်းတွေထပ်အရင် ရောက်လာတဲ့ ထင်လင်းသိုက်ကပဲ မီးငယ်ကိုပွေ့သွား၏။ ပွေ့သွားတာကလည်း ညင်ညင်သာသာမဟုတ်ပါ။
ခါးလောက်ကနေသာဆွေ့ခနဲကောက်ချီသွားသည်။

HUSBAND:DaddyWhere stories live. Discover now