"မတရားခံရတဲ့ လူမှာ တာဝန်ဆိုတာ မရှိဘူး။ ကျွန်တော့ကို ထောင်ချလိုက်ပါ ကြောက်စရာမရှိပါဘူး"

အံကိုကြိတ်လျက် လက်သီးတင်းတင်းဆုပ်ကာ ပြောခဲ့သည့် ထိုပုဂ္ဂိုလ်က သူ့ဘဝမှာ ထပ်မျက်နှာချင်းဆိုင်ဖို့ပင် မရဲလောက်သည့်သူ။ တစ်နည်းအားဖြင့် ဟောဒီကလေးရဲ့ ဖခင်။ ဖြောင့်မတ်ကာ အရည်ချင်းရှိလှပါချည်ရဲ့ဆိုသော အဲ့ဒီလူငယ်လေး သူတို့မြို့ကို ရောက်လာစဉ်က တခြားသူများနည်းတူ အပိုဂုဏ်‌တွေ ဒြပ်တွေနှင့် လူ့ဘောကျော့ဟု သူထင်ခဲ့ဖူးသည်။ လူချမ်းသာ အသိုင်းဝိုင်းက ဟိတ်ကြီးဟန်ကြီးနှင့် လာသည့် လူငယ်ပေါ့။

သို့သော် ရုပ်ရည်ရော အရည်ချင်းပါ လက်ဖျားခါလောက်အောင် ခမ်းနားသည့် ပုဂ္ဂိုလ်ဟု အသိမှတ်မပြုပဲ မနေနိုင်အောင် နေချိုလေးရဲ့ ဖအေက ထူးချွန်သည့်လူ။ မိသားစု နောက်ခံကိုပင် ထည့်တွေးစရာမလိုပဲ သူ့အရည်အချင်းနှင့် တရားရေး လောကရဲ့ ထိပ်တန်းဖြစ်နိုင်သည့် ထိုလူငယ်ဟာ မိန်းမတော်တော်များများရဲ့ မျက်စိကျစရာ သားကောင်ဖြစ်နေမည်လို့တော့ ‌အမြင်ကျဉ်းလှသည့် သူ့လို အဖိုးကြီးက သတိမမူမိခဲ့ပါချေ။ အားလုံး ခြေလွန်လက်လွန်ဖြစ်ချိန်မှာ တဖက်က မိမိတူမဖြစ်သူရဲ့ ခွေးဇာတ်ခင်းသည့် အကြောင်းကို သိခဲ့ရသည်။

အသိစိတ်မရှိသည့် အခိုက်မှာ အဆိုးရွားဆုံး ကိစ္စကို ကျူးလွန်ခဲ့ကြသည်ဟု သိလိုက်ချိန်မှာ အုပ်ထိန်းသူ တစ်ယောက်အနေနဲ့ ထိုပုဂ္ဂိုလ်ကို စိတ်မဆိုးနိုင်။ အကြောင်းရင်း သေချာမသိတာတောင် ဒါဟာ သေချာပေါက် ထိုပုဂ္ဂိုလ်ရဲ့ အပြစ်မဟုတ်ကြောင်း အလိုလို သိနေမိတာကြောင့်ပါသည်။ နောက်ဆုံးမှာ တူမဖြစ်သူရဲ့ " ကျွန်မ ချစ်တဲ့ ယောက်ျားမို့ ရအောင်ယူရမှာပဲ" ဆိုသည့် စကားမှာ ရှက်စိတ်နှင့် အားနာစိတ်ပါ ပေါင်းကာ ရိုက်မိခဲ့သည့်အဖြစ်။ မိမရှိ ဖမရှိကလေးမို့ သူစောင့်ရှောက်ခဲ့ပေမဲ့ အခုလို ကိုယ်ကျင့်တရားပျက်ပြားနေသည့် ကလေးဖြစ်နေခဲ့တာ သူ့ဘယ်လောက်တောင် အသုံးမကျလို့ ဖြစ်မလဲ။

"ကျွန်မကို လက်မထပ်ရင် ကျွန်မ သေလိုက်မှာ။သေပစ်လိုက်မှာ "

friEND(COMPLETED)Where stories live. Discover now