Chapter-12

7.3K 1K 47
                                    

Unicode

တိမ်တိုက်ငယ်၏ ဦးခိုက်မှု ၃

"နေပါအုန်း မင်းက ဘာကိစ္စငါ့ကို နေ့တိုင်းလာကြိုနေတာလဲ။ ငါ့ဟာငါတောင် သွားရလာရရှုပ်လွန်းလို့ ဆေးရုံနဲ့အနီးဆုံးက အဆောင်မှာနေနေတာကို"

"..."

ဘာမှမပြောပဲ ပုခုံးတစ်ချက်သာ တွန့်ပြသူကြောင့် ခွန်းနစ်ဆွေ့ဆွေ့ခုန်ချင်လာသည်။ ပြောရလွန်းလို့ အာလည်းပေါက်တော့မည်။ တစ်နေ့တစ်နေ့ လူနာတွေကို ပြောရဆိုရတာ အပင်ပန်းဆုံးထင်ခဲ့ပေမဲ့ ပြီးခဲ့သည့် လမှစကာ နေချိုမောင်နှင့် ပြောရတာ အပင်ပန်းဆုံးဖြစ်လာ၏။ ဒီကောင်က ရွတ်သည်။ ကိုယ်မလာနဲ့ပြောလည်းမရ။ ညနေတိုင်း ဆေးရုံမှပြန်ချိန်ဆို သူရောက်ချနေတတ်သည်။ ယခုလဲ ဂျူတီပိတ်ရက်ကြီး လာကြိုနေသည်ဟု ယုဖုန်းဆက်တာကြောင့် အ‌ဆောင်ကနေ ဆေးရုံထိ တကူးတကကို လာပြောရခြင်းဖြစ်၏။

"ဟင်း..."

သက်ပြင်းကို ကြာကြာချချိန်မရ။ မြင့်လွန်းပြီး ခွန်းနစ်မျက်စိထဲ ဘယ်လိုမှ ဘဝင်မတွေ့လှသည့် ဈေးကြီးလှပါသည်ဆိုသော သူ့ဆိုင်ကယ်ထက်သို့ တက်လိုက်ရသည်။ အိခနဲ ခံစားချက်နောက်မှာ ဆိုင်ကယ်စက်သံက ညက်ညောစွာနှင့်။

"အရင်အပါတ်တွေတုန်းက တနင်္ဂနွေတွေပဲ ပိတ်တာမို့လား"

တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သူထံမှ ပထမဆုံးစကားက အခြားမဟုတ်။ ခွန်းနစ်ရဲ့ နားရက်အကြောင်းဖြစ်နေသည်။ ကျွဲပါးစောင်းတီးသလို ဘာမှန်းမသိနိုင်အောင် နားလည်ရခက်သည့်ကောင်မို့ ငြင်းခုန်ချင်မနေတော့။ ဖြေးဖြေးချင်းသာ လှိမ့်နေသော ဆိုင်ကယ်၏ နောက်ခုံမှတန်းကို သေချာကိုင်ရင်း "ဂျူတီပိတ်တဲ့ရက်က အမြဲတူမနေဘူး" ဟု ပြန်ဖြေလိုက်သည်။

"အော်...အင်း"

သူ့တုန့်ပြန်ပုံက ထူးထူးခြားခြားမရှိလှ။ ဆေးရုံရှေ့မှာ အတော်ကြာ စောင့်ခဲ့ရသည်ကိုပင် ဂရုစိုက်ပုံရမနေချေ။ နေချိုမောင်က အလုပ်ပြောင်းပြီးနောက် ညနေတိုင်း ခွန်းနစ်ဆီရောက်လာတတ်တယ်ဆိုတဲ့ ကိစ္စက ပုံမှန်ပဲလား၊ ပုံမှန် မဟုတ်တာလား...။ စဉ်းစားရင်း တွေးရင်း ခွန်းနစ်အတွက်တော့ ခေါင်းကိုက်ရတာသာ အဖတ်တင်ပါသည်။ ကိုယ်တိုင်က ဖက်လှဲတကင်း ပုခုံးဖက်ပေါင်းရသည့် သူငယ်ချင်းမရှိသည်မို့ ယခုလို တပူးပူးတတွဲတွဲ သွားလာနေရသော ဆက်ဆံရေးမျိုးကို အံဝင်ခွင်ကျဖြစ်မနေ။ ဒါ့အပြင် ခွန်းနစ်အတွက် ယောက်ျားတစ်ယောက်နှင့် တရင်းတနှီး ဆက်ဆံနေရသည့်ခံစားချက်က မိန်းမတစ်ယောက်နှင့် တရင်းတနှီးပြောဆို ဆက်ဆံနေရသည်ထက်ပင် အို့တို့အမ်းတမ်းနိုင်လွန်း၏။

friEND(COMPLETED)Där berättelser lever. Upptäck nu