Chapter-22

7.8K 964 66
                                    

Unicode

တိမ်ညိုလေးလည်း အနွေးဓာတ်လိုပါတယ် ၃

"ဟပ် ဟပ် ဟပ်ချိုး... ဟပ် ချိုး"

မိုးလင်းကတည်းက တထိုင်းထိုင်းချေနေသည့် ခွန်းနစ်တစ်ယောက် နှာချေရလွန်းလို့ နှာခေါင်းပင် ပြုတ်ထွက်တော့မည်။ ဆက်တိုက် ပူနေအောင် ပွတ်လေ ပိုယားလေဖြင့် အလက်ဂျီက ရူးခါအောင်ကို ‌နှိပ်စက်နေ၏။ မျက်လုံးနှစ်ဖက်မှာလဲ ရဲရဲနီလျက် မျက်ရည်များပင် စို့လျက်ရှိသည်။

ဖုန်များ အမှုန်များနှင့် ထိတွေ့လေတိုင်း ဖြစ်တတ်သည် ဓာတ်မတည့်မှုက အိမ်ပြောင်းပြီး ပထမဆုံးရက်မှာပင် ခွန်းနစ်အား ကောင်းကောင်းကြီး နှိပ်စက်နေလေပြီ။ ဒါတောင် နေချိုမောင်တစ်ယောက် သုံးရက်လောက် ကြိုတင်ပြီး ရှင်းထားလို့ တော်တော့သည်။ ပစ္စည်းနေရာချတာလောက် လုပ်ရတာကိုပင် ခွန်းနစ်ရဲ့ ဓာတ်မတည့်မှုက သိသိသာသာကြီး ဒုက္ခပေး၏။

"ရလား ဆေးရုံမသွားတော့ဘူးလား"

ရေခွက်ကိုကိုင်လျက် ဘေးမှာရပ်နေသူထံ လက်ကာပြကာ နောက်တစ်ခေါက် ထပ်ပြီး နှာချေလိုက်မိပြန်သည်။

"ဟပ်ချိုး... မ မသွားတော့ဘူး ဟပ် ဟပ်ချိုး ပိတ် ပိတ်ရက်ယူထားတာ"

ကမ်းပေးလာသော တစ်ရှူးကိုယူကာ နှာခေါင်းကို ရှုံ့ညစ်လိုက်၏။ နှာမထွက်ပဲ ညှစ်လွန်း၍ထင် နှာခေါင်းထိပ်တစ်ခုလုံး မွှန်ထူကာ ကျဉ်တက်နေသည်။ ဒီပုံအတိုင်းဆို မျက်နှာတစ်ခု‌လည်း ရစရာမရှိအောင်ကို နီရဲနေလောက်တော့မည်။

"ဆေးသောက်ထားတော့ ရ ရမှာပါ"

ဆောင်ထားနေကျ ဓာတ်မတည့်မှုပျောက်သည့် ဆေးကဒ်ကို ထောင်ပြကာ နေချိုမောင် စိတ်သက်သာရ ရအောင် ပြောလိုက်ရ၏။ တကယ်လည်း ဒီဆေးက အသုံးဝင်တာကြောင့် ခွန်းနစ်ရဲ့ ဓာတ်မတည့်မှုကို ဒီဆေးနှင့်ပင် တောက်လျှောက် ဖြတ်သန်းလာခဲ့တာဖြစ်သည်။ အထူးသဖြင့် ရာသီအကူးအပြောင်းနှင့် ကြုံတိုင်း၊  အလုံပိတ်ကာ လေကောင်းလေသန့်မရသော နေရာများကို သွားပြီးတိုင်း ဒီလိုမျိုး ဖြစ်စမြဲမို့ ဒီရောဂါလက္ခဏာလောက်ကိုတော့ ခွန်းနစ်က မှုမနေတော့ပါ။

friEND(COMPLETED)Where stories live. Discover now