~𝑃𝑎𝑟𝑡 5~

540 31 5
                                    

~𝑈𝑛𝑖𝑐𝑜𝑑𝑒~

"Po! ကျွန်တော် Dr လေးစီကဖုန်းနံပါတ်ရလာတယ်!"

"အဲ့တော့....!"

Po မျက်စောင်းလေးထိုးလိုက်ကာ bible ကိုမေးခွန်းပြန်ထုတ်လိုက်သည်။ ညနေစောင်းနေပြီမို့ လူကြီးကလဲလာကြိုတော့မယ် ဒီကောင်မေးချင်တာ‌ကိုမေးလို့မရဘူး သူဆရာဝန်လေးအဲ့ကြောင်းဘဲထိုင်ပြောနေတာ နားတွေလဲညီးလာပြီ

"ဘာလဲ Po ကကျွန်တော်ကိုသဝန်တိုနေတာလား!"

"သွားစမ်းပါ! မင်းကိုငါ့မေးစရာရှိလို့!"

"မေးပါဗျ!"

Po ခနစဉ်စားလိုက်ကာ bible ဝတ်လာသည့် အင်္ကျီမှ necktie လေးကိုဆွဲ‌ဆောင့်လိုက်ပြီး

"necktie ဝတ်နည်းငါ့ကိုသင်ပေး!"

"ဟေး! ဒါပြောချင်တာကိုများဒီလိုဆွဲဆောင့်စရာလား! ဆရာဝန်လေးတွေ့သွားရင်အထင်လွဲစရာတွေဖြစ်ကုန်တော့မှာဘဲဗျာ!"

bible ကဟိုကြည့်ဒီကြည့်ဖြင့်ပြောလာလေသည်။

"ငါကိုသင်ပေး! မြန်မြန်! ခနနေအိမ်ပြန်ရတော့မှာ!"

"ဟုတ်ပါပြီဗျာ! လောတာ!"

bible သူ့အင်္ကျီက necktie လေးကိုချွတ်ကာ ဘေးစားပေါ်တင်လိုက်ပြီး ဘယ်လိုလုပ်ရတယ်ဆိုတာကိုသေချာလေးသင်ပြပေးလိုက်သည်။ bible က suit ဝတ်ထားတာမဟုတ်ပင်မဲ့ ပေါ့ပေါ့ပါးပါးအင်္ကျီကိုမှ ဗြုတ်စဗျင်း‌တောင် necktie ဝတ်ထားတဲ့ပုံစံက မသိရင် bad boy style

"ဒီလိုလေးလုပ်! ပြီးရင်ဒီအစလေးကိုဒီထဲထည့်လို့် ပြီးရင်ဒါလေးကိုဆွဲလိုက်ရပြီ! ဘယ်လိုလဲ!"

Po သေချာလိုက်မှတ်ကာ ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်နားထောင်နေလိုက်သည်။

"သေချာလုပ်တတ်သွားအောင် ကျွန်တော်ပြန်ဝတ်ပေးကြည့်လေ!"

Po ခေါင်းငြိမ့်လိုက်ပြီး necktie ကိုယူလိုက်သည်။ လူကြီးကိုဝတ်ပေးဖို့သေချာလေ့ကျင့်ရမည်။

"ငါလုပ်တာအဆင်ပြေလား!"

"အင်း! Po ကမှတ်မိလွယ်လိုက်တာ!"

bible Po ခေါင်းလေးကိုကိုင်ကာဖွပစ်လိုက်တယ်

"Natawin!"

𝖬𝗒 𝖡𝖺𝖽 𝖡𝗈𝗒𝖿𝗋𝗂𝖾𝗇𝖽Opowieści tętniące życiem. Odkryj je teraz