~𝑃𝑎𝑟𝑡 4~

505 37 8
                                    

~𝑈𝑛𝑖𝑐𝑜𝑑𝑒~

မျက်နှာပေါ်ကိုတည့်တည့်ရောက်လာတဲ့ နေကြောင့် Po အိပ်ယာကနေနိုးထလာရသည်။ အိပ်နေပါတယ်ဆိုမှဘဲ နေကလူမှုရေးခေါင်းပါးတယ် တကယ်

Mile စောစောထကာ အိမ်နောက်မှာရှိတဲ့ gym ကိုသွားဆော့ခဲ့ပြီးပြန်လာတာတောင်မှမနိုးသေးတဲ့ Po ကြောင့် ရေချိုးခန်းထဲဝင်ကာရေချိုးလိုက်တယ် ပြန်ထွက်လာမှနိုးမယ်ဆိုပြီး သူလဲပြန်ထွက်လာရော အိပ်‌ယာပေါ်ကလှုပ်စိလှုပ်စိလုပ်နေတဲ့သူလေးကြောင့် ကုတင်ပေါ်တတ်ထိုင်လိုက်ကာ

"နိုးပြီလား!"

Po ရုတ်တရက်ကြားလိုက်ရတဲ့ နူးညံ့တဲ့အသံကြောင့်မျက်လုံးကိုဖွင့်ကာကြည့်လိုက်တော့ တကိုယ်လုံးသပတ်တထည်သာပတ်ထားတဲ့ သူကြောင့် Po မသိမသာတတွေးမြိုချမိတယ်

"နိုးရင်လဲထ! Company သွားဖို့အင်္ကျီပြင်ပေး!"

Mile ရုပ်တည်နဲ့ပြောလိုက်တော့ ထိုကောင်လေးကအိပ်ယာပေါ်မှကုန်းရုန်းထကာ ရေချိုးခန်းထဲဝင်ဖို့လုပ်နေတာကြောင့်

"ဟေ့! ကိုယ်ကိုအင်္ကျီထုတ်ပေးအုံးလေ!"

"Po မျက်နှာသစ်.....!"

"အဲ့တော့ကိုယ်ကမင်းမျက်နှာသစ်ပြီးမှ အင်္ကျီဝတ်ရမှာပေါ့! လေဖြတ်ခိုင်းစေချင်လို့လား! ခုချက်ချင်းအင်္ကျီလာထုတ်စမ်း!"

နည်းနည်းလောက်ဟောက်လိုက်တာနဲ့ ကိုယ်လေးကတုန်သွားကာ ချက်ချင်းဗီရိုရှေ့ရောက်လာကာ အင်္ကျီ လာထုတ်ပေးလေသည်။

"ဘာ....ဘာအင်္ကျီထုတ်ပေးရမှာလဲ!"

ဗီရိုလက်ကိုင်လေးကိုကိုင်ကာ သူ့ကိုလည်ပြန်ကြည့်ကာမေးလာတဲ့ကောင်လေး

"Company သွားမှာလေ! company ကိုဘာနဲ့သွားလဲမသိတာလား!"

မျက်မှောင်ကျုတ်ကာပြောလိုက်တော့ ချက်ချင်းဗီရိုဘက်ပြန်လှည့်သွားကာ သူ့အတွက် suit အနက်လေးကိုထုတ်လာပေးသည်။

"ဒီမှာ!"

အိပ်ယာပေါ် suit ကိုထားခဲ့ပြီး ရေချိုးခန်းထံဝင်ဖို့လုပ်နေပြန်တဲ့ကောင်လေးကြောင့် လက်ကနေဆွဲလှည့်ကာ အိပ်ယာပေါ်ထိုင်စေလိုက်‌သည်။

𝖬𝗒 𝖡𝖺𝖽 𝖡𝗈𝗒𝖿𝗋𝗂𝖾𝗇𝖽Where stories live. Discover now