~𝑈𝑛𝑖𝑐𝑜𝑑𝑒~
အိမ်လေးကအရင်လိုပါဘဲ ဘာမှမပြောင်းလဲသွားဘူး Po အိမ်ထဲလျှောက်ပတ်ကြည့်ရင်း တစ်ချိန်ကဖြစ်ခဲ့တဲ့အဖြစ်ပျက်တွေဟာ ခေါင်းထဲတဝဲလည်လည်ပင်
"ဝင်လေ! နောက်နေ့ကစပြီး Po ကဒီအိမ်မှာနေရမှာ! ကိုယ်နဲ့အတူပေါ့!"
နောက်ဆုံးစကားကို Po ရဲ့ခါးသွယ်သွယ်လေးပေါ်သူ့လက်ကြီးနဲ့ရစ်ပတ်ကာ နားလေးကိုကိုက်ပြီးပြောလာလေသည်။
"Po! မားတို့နဲ့.....!"
"ဘယ်မှာလဲအိမ်!? ဟမ်!!"
ရုတ်တရက်ထအော်လိုက်တာမို့ သူ့လန့်ကာမျက်လုံးတွေပင်အလိုလိုမှိတ်မိသွားသည်။ ဟုတ်ပါတယ် ခြံစောင့်ဦးလေးကြီးပြောပုံအရဆို ပါးကသူ့ company မှာအိပ်ချင်အိပ်တယ် တခါတလေ မားကိုကြည့်ပေးရင်း ဆေးရုံမှာအိပ်တယ်တဲ့လေ
"Po! ဒီလိုအခြေနေတွေဘဲဖြစ်နေပြီ လိမ္မာစမ်းပါ!"
ခုနကအော်လိုက်တာသူမဟုတ်သလို ပြန်နူးညံ့သွားကာခေါင်းကဆံပင်လေးတွေကို ခပ်ဖွဖွပွတ်ပြီးပြောလာလေသည်။
"ပါးတို့ဒီလိုဖြစ်အောင် လူကြီးလုပ်လိုက်တာလား!"
"အဲ့လိုတော့မဟုတ်ပေမဲ့ အဲ့လိုဖြစ်သွားတယ်! ပထမကတော့ ပြောစကားနားမထောင်တဲ့ကလေးကိုပညာပေးခြင်တာနဲ့ လုပ်လိုက်ပေမဲ့! နောက်တော့မင်းရဲ့ပါးကိုယ်တိုင်ကဘဲ ဒီလိုဆိုးဝါးတဲ့အခြေနေရောက်အောင်ထပ်ပြီးလုပ်ခဲ့တာ!"
ထိုလူဟာ sofa ပေါ်ခြေချိတ်ထိုင်လိုက်ကာ သူ့အားဘေးနားလာထိုင်ရန် မျက်စပစ်ပြတယ်
"ပါ....ပါးတို့ကိုကူညီပေးပါ!"
Po မျက်လုံးမှိတ်ကာ သူ့ရဲ့ဘောင်ဘီးအတိုလေးကိုဆွဲစုပ်ကာ လူကြီးအားပြောလိုက်သည်
"ဟက်! ကိုယ်ကကူညီပေးဖို့စဉ်စားပြီးသားပါ! Po လဲသိမှာပေါ့ ကိုယ်ကဘယ်အရာကိုမှလွယ်လွယ်နဲ့မပေးတတ်ဘူးဆိုတာ!"
Mile ကောင်လေးရဲ့ခါးသွယ်သွယ်ကနေဆွဲလိုက်ကာ ပေါင်ပေါ်ကိုတင်လိုက်ပြီး Mile Po ရဲ့ရင်ဘက်နားကိုကပ်ကာ ကိုယ်သင်းနံ့လေးအားရှူရှိုက်လိုက်မိသည်။ လွမ်းနေတာ သူ့သိပ်ကြိုက်တဲ့ဒီကောင်လေးရဲ့ကိုယ်သင်းနံ့လေးကို