~𝑃𝑎𝑟𝑡 1~

757 32 1
                                    

~𝑈𝑛𝑖𝑐𝑜𝑑𝑒~

[23,12,2022]

"Natawin!! မင်းပြောခြင်တာငါ့ကဒီကစ္စမှာ မှားတယ်လို့ပြောခြင်တာလားဟမ်!!"

ဟိန်းထွက်လာတဲ့ အော်သံကြောင့် Apo ကိုယ်လေးတုန်တတ်သွားရသည်။ ထိုအပြင်အော်သံနဲ့အတူ ထိုလူရဲ့လက်ဟာ Apo ရဲ့မေ့စေးလေးကိုဆွဲညှစ်လာလေသည်။

"အင့်! Po...Po တောင်းပန်ပါတယ်! အဲ့လိုရည်ရွယ်ချက်နဲ့ Poပြောလိုက်တာမဟုတ်ပါဘူး!"

"ကျစ်! နောက်တခါအဲ့ကောင်တွေနဲ့သွားမပတ်သက်နဲ့! အေး! ပြောထားရဲ့နဲ့ထက်တွေ့လို့ကတော့အဲ့ကောင်တွေရောမင်းကိုပါအရှင်မထားဘူး!! ကြားလား!!"

ပြောလဲပြော ညှစ်ထားတဲ့မေးစေ့လေးကိုစောင့်ချကာလွှတ်ချလိုက်တာကြောင့် မျက်နှာလေးပါလည်ထွက်သွားရသည်။

"ဟုတ်! Po ‌နောက်တစ်ခါမပတ်သက်တော့ပါဘူး!"

"သွားတော့!"

သွားဆိုတဲ့အမိန့်ရတာနဲ့ အခန်းထဲကနေတချိုးထဲသူ့ပြေးလာမိသည်။ Po ထိုလူကိုအရမ်းကြောက်သည်။ ထိုလူဆိုတာ သူ့ရဲ့ပဲ့ကိုင်ရှင် Mile Phakphum

ထိုလူကြီးဟာသူ့ထက် 5 နှစ်ကြီးတယ် Po ကအခုမှ 19 နှစ်ဘဲရှိသေးတာ အဲ့လူကြီးနဲ့ရည်စားစဖြစ်တုန်းကဆိုသူ့အသက် 17 လောက်ဘဲရှိသေးတယ် သူငယ်ငယ်လေးဘဲရှိသေးတာ အဲ့တာကိုကျောင်းကအပြန်လမ်းပိတ်ရပ်ကာရည်စားအတင်းဖြစ်ခိုင်းခဲ့တာ အဲ့တုန်းမသိသာပေမဲ့ ခုနောက်ပိုင်းလူကြီးကသိပ်ဆိုးလွန်းတယ်ရယ် အသက် 24 နှစ်လို့ပင်မထင်ရအောင်လူတိုင်းနဲ့မထင်ရင်မထင်သလိုရန်ဖြစ်တတ်သေးတယ် အရက်တွေလဲသောက်တယ် ဆေးလိပ်လဲသောက်သေးတယ် တခါတလေဖဲပါရိုက်သေး

နောက်တဲ့တစ်ခုက သူ့နိုင်ငံခြားသွားမဲ့ကစ္စပင် ဒီကစ္စတောင်သူလူကြီးကိုမပြောရသေးပင် ပြောလိုက်ရင်သေချာပေါက်လက်ခံမှာမဟုတ် ဒါပေမဲ့မပြောလဲမရတာကြောင့်ပြောကိုပြောရမယ်လေ Apo သူ့ဘောင်းဘီအိပ်ထဲက ဖုန်းလေးကိုထုတ်ကာ "လူကြီး" လို့မှတ်ထားတဲ့နံပါတ်လေးကို ဆက်လိုက်သည်

လူကြီးတော့အော်တော့မှာဘဲ ခုဘဲတွေ့လာတာကိုထက်ပြီးဖုန်းဆက်လို့လေ

𝖬𝗒 𝖡𝖺𝖽 𝖡𝗈𝗒𝖿𝗋𝗂𝖾𝗇𝖽Where stories live. Discover now