~𝑈𝑛𝑖𝑐𝑜𝑑𝑒~
နန်းတော်အလား ကြီးမားလှတဲ့အိမ်ကြီးထဲကို အရှိန်ပြင်းစွာမောင်းလာတဲ့ ကားအနက်ရောင်လေး ထိုကားလေးသည် စင်ဝင်ရှေ့ကားထိုးရပ်လိုက်ပြီး ကားပေါ်မှဆင်းလာသည့်သူ့ဟာ Mile Phakphum
"မယုံနိုင်စရာဘဲ! အိမ်ကိုပြန်လာတယ်! ထီတွေတော့ပေါက်ကုန်တော့မှာဘဲ!"
အိမ်ထဲဝင်ဝင်လာချင်း တွေ့လိုက်ရတဲ့သူ့ရဲ့အကို သူ့ကတခါတလေတောင်အိမ်ပြန်လာတဲ့သူမဟုတ် ခုလိုရုတ်တရက် ကြီးအိမ်ကိုပြန်လာရခြင်းဟာလဲ ကောင်လေးတစ်ယောက်ကြောင့်ပင်ဖြစ်သည်။
"ပါးရော!"
"စာကြည့်ခန်းထဲမှာ! ဘာတွေပြဿနာရှာလာပြန်ပြီလဲ!"
"မရှာပါဘူးဗျာ! အလုပ်ကစ္စပြောမလို့!"
"အမယ်! အလုပ်ကစ္စပိုလို့တောင်အံ့ဩသွားပြီ!"
"ပါး!"
"ဟေ့! တံခါးလေးတော့ခေါက်လေကွာ!"
"ပါးကဘာတွေမဟုတ်တာလုပ်နေလို့လဲ!"
Mile ပြောလိုက်တော့ ပါးကဘေးနားကစာအုပ်နဲ့သူ့စီကိုလှမ်းပစ်လေသည်။
"ဘာလာလုပ်တာလဲမင်းက!"
"ပြေားရာရှိလို့!"
"ပြော!"
"ကျွန်တော် ပါးရဲ့ company ကိုကျွန်တော်ကိုပေး!"
"ဟမ်!"
Mile ရဲ့စကားကြောင့် သူ့အကိုနဲ့အဖေပါ မျက်လုံးပြူးသွားရသည်။ ဒီကောင်ဘာစိတ်ကူးပေါက်ပြီးတော့များ
"မင်း! ငါ company ကိုဒေဝါလီခံအောင်လုပ်မလို့လားကွာ!"
"မဟုတ်ဘူး! ကျွန်တော်ကိုပေးရင် ကျွန်တော်ကိုယ်တိုင်အုပ်ချုပ်ပြီး ပါးထက်ကောင်းအောင်လုပ်ပြမယ်!"
အမလေးဟဲ့ ငါ့ထက်ကောင်းအောင်တောင်လုပ်ပြမယ်တဲ့ အမြဲရန်ဖြစ် သောက်စားနေတဲ့ကောင်ကများ
"ပေးပါဗျာ! ကျွန်တော်လုပ်စရာရှိလို့!"
"ဘာလုပ်ဖို့လဲ!"
မျက်ခုံးခပ်လှုပ်လှုပ်ဖြင့် Mile အားမေးလိုက်တော့
"တစ်ယောက်ယောက်ကျွန်တော် ရှေ့ဒူးတောက်ခစားဖို့အတွက်!"