နျဲ့ချင်းချန်၏အနမ်းက နှုးညံ့မနေပေ။ ၎င်းသည် ရန်လိုပြီး အစွမ်းထက်ကာ သူ့အား ခုခံနေသူကို အနိုင်ယူနေသည်။

တဖြည်းဖြည်းနှင့် ကုပိုင်သည် ဤပြင်းထန်သောတိုက်ခိုက်မှုမှာ အရေးနိမ့်လာခဲ့သည်။ သူ၏ရုန်းကန်နေသော ခြေလက်များက စတင်အားပျော့လာသည်။  သူ၏လက်ဆယ်ချောင်းလုံးက နျဲ့ချင်းချန်၏ဂျာကင်ကို ဆုပ်ကိုင်ခြင်းသို့ ပြောင်းသွားသည်။

ထိုယောက်ျား၏အနမ်းသည် နူးညံ့ခြင်းမရှိသော်လည်း၊ ဤကဲ့သို့အတင်းအကျပ်အနမ်းမျိုးက သည်းမခံနိုင်စရာဖြစ်သော်လည်း အကြောင်းအရင်းအချို့ကြောင့် သူ ၎င်းကို လက်ခံရန်မခက်ခဲပေ။ အကြမ်းပတမ်းလုပ်ရပ်က သူ့ကို အနည်းငယ် ကြောက်ရွံ့သွားစေရုံသာ။

တဖြည်းဖြည်းနှင့် ကုပိုင်သည် ထူးဆန်းသောစွမ်းအားတစ်ခု သူ့စိတ်ဝိညာဉ်ထဲသို့ စီးဆင်းလာသည်ကို ခံစားလိုက်ရပြီး သူ့စိတ်ဝိညာဉ်ကို ပြောမပြတတ်လောက်အောင် သက်သောင့်သက်သာ ဖြစ်စေသည်။ ခြောက်သွေ့နေသော သဲကန္တာရကြီးထဲမှာ ရေတစ်စက် သောက်လိုက်ရသလိုပင်။

နျဲ့ချင်းချန်၏ ထပ်ခါထပ်ခါ ကြိတ်ခြေမှုနှင့် သူ့စိတ်ဝိညာဉ်ကို ဖြည့်တင်းပေးနေသည့် သက်တောင့်သက်သာရှိသော ခံစားချက်အောက်တွင် သူ့နှုတ်ခမ်းများသည် အလိုအလျောက် ပွင့်ဟသွားပြီး နျဲ့ချင်းချန်သည် အတွင်းရှိ နူးညံ့ပြီး စိုစွတ်နေသောလျှာကို အရင်းမှ စုပ်ယူစားသုံးလိုက်သည်။

သူ အသက်ရှုကြပ်လာသည်။ အစပိုင်းတွင် သူသည် အစွမ်းကုန် ခုခံခဲ့သော်လည်း နောက်ဆုံးတွင် သူသည် အားနည်းလာပြီး ခံနိင်ရည်မရှိတော့ပေ။

သူ အသက်ရှူမဝလုနီးပါးဖြစ်ပြီး သူ့အပေါ်ကလူကို ကြိမ်ဖန်များစွာ ထုရိုက်လိုက်မှသာ နျဲ့ချင်းချန်သည် သူ၏နီရဲပြီး ဖူးရောင်နေသည့်နှုတ်ခမ်းကို လွှတ်ပေးလာသည်။

နျဲ့ချင်းချန်သည် ကားအမိုးပေါ်တွင် လှဲနေသော ကောင်လေးကို ကြည့်လိုက်ရာ သူ့အနမ်းကြောင့် သတိလစ်လုနီပါးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏နီရဲနေသောမျက်နှာလေးကို ဘေးသို့လှည့်ထားပြီး သူ့မျက်လုံးများက မျက်ရည်များ ဝိုင်းနေလေသည်။ အနိုင်ကျင့်ခံထားရသဖြင့် သူ့ကို ကြည့်ရတာ သနားစရာလေးဖြစ်နေသည်။ နျဲ့ချင်းချန်၏အနည်းငယ် နိုးကြားလာသောမျက်လုံးများက နက်ရှိုင်းလာခဲ့သည်။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now