ကုပိုင်သည် အမြဲတမ်း ခဏလောက် တုံ့‌ဆိုင်းနေခဲ့ပြီး ရှက်ရွံ့စွာ သဘောတူခဲ့တာချည်းပင်။

ဘယ်လိုပဲဖြစ်ဖြစ် နျဲ့ချင်းချန်က အနားမှာမရှိပေ။ သူ့ကုမ္ပဏီရဲ့ ပရောဂျက်တစ်ခုက ပြဿနာရှိနေတဲ့အတွက် အခုချိန်ထိ သူ့လုပ်ငန်းခရီးကနေ ပြန်မလာသေးဘူးလို့ သူ ကြားသိခဲ့ရသည်။
ဘယ်သူမှ သူ့ကို ဂရုစိုက်နေမည်မဟုတ်ပေ။ အများဆုံး ညဘက်ဆို အိမ်ပြန်ပြီး ညီအစ်ကို‌အချင်းချင်း ရင်းနှီးစေရန် ရွှေပေါင်လုံးကြီးနှင့် ဖုန်းခေါ်ပြီး ဗီဒီယို‌ကောလ်ပြောကြသည်။

နန်လီချန်နှင့် အပြင်သွားတိုင်း ကုပိုင်သည် သူ၏မရေမရာသဘောထားကို ဆက်ထိန်းထားသည်။ နန်လီချန် သူ့လက်ကို ‌လာကိုင်သည်မှလွဲရင် အခြားရင်းရင်းနှီးနှီး အပြုအမူတွေကို ရှက်ရွံ့စွာ ငြင်းဆန်ခဲ့သည်။

ဒီလိုမရှင်းမလင်းသဘောထားက နန်လီချန်ကို စိတ်မပျက်သွားစေခဲ့ပေ။ ယင်းအစား သူ့နှလုံးသားကို ပို၍ကလိကလိဖြစ်စေသည်။ 'မင်း မရနိုင်တဲ့အရာက အကောင်းဆုံးပဲ'ဆိုတဲ့စကားက ယုတ္တိမရှိပေ။

သို့သော် တစ်လခွဲနီးပါး အသည်းအသန် လိုက်ပိုးပြီးနောက် နန်လီချန်က စတင်ရန် အချိန်ကျပြီလို့ ဆုံးဖြတ်လိုက်သည်။ ရလဒ်တစ်ခုခုကို ဝူကျန်းကျန်း မြင်အောင် အရင်လုပ်ရမည်ဖြစ်ပြီး မဟုတ်ရင် သဘောတူညီချက်ကို ဖျက်သိမ်းသွားလိမ့်မည်။

နန်လီချန်ဆီမှ ဖိတ်ကြားမှုကို ရရှိ‌ပြီးနောက် ကုပိုင်သည် သူ လှုပ်ရှားတော့မည်ကို ခန့်မှန်းမိပြီး သဘာဝကျကျပင် သဘော‌တူလိုက်သည်။

တစ်ချိန်တည်းမှာပဲ Mမြို့မှာ အလုပ်ကိစ္စနှင့် ခရီးသွားနေသော နျဲ့ချင်းချန်က သူ့ညီငယ်လေး 'ချိန်း‌တွေ့နေတယ်' ဆိုတဲ့ သတင်းကို ရရှိခဲ့လေသည်...

အစတုန်းက သူ ကုပိုင်ကို စောင့်ကြည့်ဖို့ တစ်စုံတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ စေလွှတ်ခဲ့ခြင်းမဟုတ်ပေ။ လုရုံချင်းသည် ယခင်က အလွန်မောက်မာရိုင်းစိုင်းပြီး သူ၏အများယုံကြည်လက်ခံနိုင်မှုက မမြင့်ပေ။

ယခုတွင် လုရုံချင်း၏စရိုက်သည် ပိုမိုကောင်းမွန်လာပြီး နာခံမှုရှိလာသည်ကို သူ နောက်ဆုံးတော့ မြင်လိုက်ရသောအခါ နျဲ့ချင်းချန်က သဘာဝကျကျပင် ကျေနပ်နေခဲ့သည်။ သူ့ကို 'အစ်ကိုကြီး'လို့ခေါ်ပြီး သူ့ရင်ခွင်ထဲမှာ အားကိုးတကြီး ငိုနေတဲ့ ခံစားချက်က တကယ်ကောင်းတယ်။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now