V4 Chapter 8

101 13 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 8 - ရုရှားအရှေ့ပိုင်းတိုက်ပွဲ

ဖရာလီတာကလည်း တစ်ဖက်ကနေ ဖုန်းပြန်ဖြေလာတဲ့အသံကို သေချာနားထောင်နေတယ်။ တစ်ဖက်ကနေ တည်ငြိမ်ရင့်ကျက်ပြီး အေးချမ်းတဲ့ အမျိုးသမီးတစ်ယောက်ရဲ့လေသံက ထွက်ပေါ်လာတယ်။

"သမီးလေးက ဒေါ်လာသုံးသန်းခွဲတောင် မုန့်ဖိုးလိုချင်တယ်ဆိုပါလား၊ ရိုးရောရိုးရဲ့လား။ ကောင်လေးရနေပြီလား။ ရှူးဂါးသမီးလေးလုပ်ဖို့ ပိုက်ဆံတောင်းနေတာတော့မဟုတ်ပါဘူးနော်။"

"......"

ဟုတ်ပါတယ်၊ တစ်ဖက်က အမျိုးသမီးရဲ့လေသံက အတော်လေးတည်ငြိမ်ပေမဲ့ ထွက်လာတဲ့စကားတွေကတော့ ပေါက်ကရတွေ။ နောက်ပြီး သူ့လေသံမှာက ညို့ဓာတ်တစ်မျိုးပါနေပြီး ယောကျ်ားလေးတွေသာ အဲဒီလေသံမျိုးကို နားထောင်လိုက်ရရင် မမမှမမဖြစ်သွားလောက်တဲ့အထိ ပြင်းထန်ပါတယ်။

"အား... အဖွားကလည်း၊ အမေ့ဖုန်းကို ယူထားပြန်ပြီလား။ ဒီမှာသမီးက အရေးကြီးကိစ္စပြောစရာရှိလို့ပါဆို။"

ဖရာလီတာက ချက်ချင်းပဲ ဖုန်းတစ်ဖက်ခြမ်းကို လှမ်းအော်လိုက်တယ်။ တစ်ဖက်မှာရှိနေတဲ့ အမျိုးသမီးကြီးကတော့ မြေးလေးအော်ဆူတာခံရတဲ့အတွက် ဝမ်းသာနေတဲ့အလား သွားတွေအကုန်ပေါ်တဲ့အထိ ရယ်မောလိုက်တယ်။

အမျိုးသမီးက သက်လတ်ပိုင်းဖြစ်ပေမဲ့ တော်တော်လေးလှနေသေးပြီး ရှိရင်းစွဲအသက်ထက် အများကြီးငယ်ပုံပေါ်တယ်။ တကယ်လို့ လူစိမ်းတစ်ယောက်ကိုသာခေါ်ပြရင် သုံးဆယ့်ငါးနှစ်ထက် ပိုမကြီးနိုင်ဘူးလို့ကိုထင်မှာ။ ဒါပေမဲ့ သူက ဖရာလီတာရဲ့အဖွားပါ။

သူ့​ခေတ်သူ့အခါက ပန်ဒရာဂွန်မိသားစုရဲ့အလှဆုံး မိန်းကလေးတွေထဲမှာပါတယ်။ ကွေးညွှတ်လိုက်ရင် ဆွဲဆောင်မှုရှိပြီး နှင်းဆီပန်းဖူးလေးလိုမျိုး ဖူးပွင့်နေတဲ့ နီရဲရဲနှုတ်ခမ်းရယ်၊ ရင့်ကျက်တဲ့အလှကိုပိုင်ဆိုင်ထားတဲ့ ဘဲဥပုံမျက်နှာ၊ ကောင်းမွန်တဲ့ပုံစံရှိတဲ့ခန္ဓာကိုယ်နဲ့ ရှည်လျားသေးသွယ်တဲ့ လက်ချောင်းလေးတွေ။ ဆံပင်ဖြူအနည်းငယ်ရောနေပေမဲ့ ကြည့်ကောင်းတဲ့ ရွှေရောင်ဆံပင်တွေကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ ဒီအမျိုးသမီးက အနက်ရောင်ဂေါ့သစ်ဂါဝန်ရှည်ကြီးကိုဝတ်ထားပြီး အလွန်လှပနေတယ်။ ရင်ဟိုက်ဂါဝန်မလို့ ဘယ်သူမဆိုမြင်တာနဲ့ရူးသွားစေမယ့် E Cup အရွယ်သင်္ဘောသီးနှစ်လုံးရဲ့တစ်ဝက်ကိုလည်း မြင်နေရသေးတယ်။

I just Wanna be Hero not HeroineWhere stories live. Discover now