Recap (Kaito)

149 16 1
                                    

Akaigami Kaito (recap)

ဒီတစ်ခါကတော့ မက်ဒါနာဖတ်နေပေမဲ့ Suchende Universeနဲ့ မရင်းနှီးသူတွေအတွက် ဇာတ်ကောင်တစ်ကောင်ချင်းစီရဲ့ အရင်ဝတ္ထုတွေက အကြောင်းအရာတွေကို အတိုချုံးလေး ရှင်းပြပေးပါမယ်။ (ကိုယ်တိုင်သွားဖတ်မယ် Spoil မမိချင်ဘူးဆိုရင် မဖတ်ပါနဲ့နော်။)

အထက်ပါ ပြောခဲ့သလိုပါပဲ။ ကြိုမသိချင်ရင်တော့ မဖတ်သင့်ပါဘူး။ အရင်က ဝတ္ထုတွေဖတ်ပြီးသားသူတွေ သိပြီးသားအကြောင်းအရာတွေကိုပဲ ပြောပြမှာဖြစ်ပေမဲ့ မက်ဒါနာနဲ့မှ Suchende Universeကို သိလာသူတွေအတွက်ကတော့ Spoil မိသလိုဖြစ်ကုန်မှာပါ။

ပထမဆုံး ကိုင်းတိုဆိုတာက သူ့ရဲ့နာမည်အရင်းမဟုတ်ပါဘူး။ Code 14 ဂျပန်မှာပြန်ဝင်စားတဲ့အခန်းက ဆောင်ဟိုင်ကိုယ်ပွားနာမည်ကို ယူထားတာပါ။

အဓိပ္ပါယ်ကတော့ ဆောင်ဟိုင် (တည်ငြိမ်တဲ့ ပင်လယ်ပြင်)ဆိုတာနဲ့ အတူတူပဲဖြစ်ပါတယ်။

၁။ Drag Impact

ပထမတော့ ကိုင်းတိုဟာ ဘာစွမ်းအားမှမရှိတဲ့ ဂိမ်းဂျပိုးလေးတစ်ယောက်ပေါ့။ သူ့ဘဝမှာ တခြားသူငယ်ချင်းတွေရယ်လို့လည်းမရှိဘဲ ဂိမ်းလေးတစ်ခုကိုသာ စွဲစွဲမြဲမြဲဆော့နေခဲ့ပါတယ်။

သူငယ်ငယ်ကတည်းက ဆော့လာတဲ့ဂိမ်းလေးကို ကိုးနှစ်ကျော်အချိန်ပေးခဲ့ပေမဲ့ ဂိမ်းကုမ္ပဏီက နောက်မျိုးဆက်သစ်ဂိမ်းတွေကို ဦးစားပေးနိုင်ဖို့အတွက် ဆာဗာပိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကဖေးဆိုင်လေးထဲမှာထိုင်ရင်း ဆာဗာပိတ်ခါနီးအချိန်မှာ သူ့ဂိမ်းထဲက ဇာတ်ကောင်တွေကိုနှုတ်ဆက်ပြီး ဆိုင်အပြင်ကိုထွက်လာခဲ့တယ်။

ဒါပေမဲ့ ရောက်သွားတာက ဆိုင်အပြင်ကိုမဟုတ်ဘဲ သူဆော့နေတဲ့ ဂိမ်းရဲ့စစချင်း ဇာတ်ဝင်ခန်းကိုပါ။ အဲဒီနောက်တော့ ဂိမ်းထဲက ဇာတ်လိုက်ကောင်မလေးနဲ့တွေ့ပြီး အဲဒီကောင်မလေးကြုံခဲ့ရတဲ့ အဖြစ်ဆိုးတွေနဲ့ တခြားဇာတ်ကောင်တွေရဲ့Sad Endingတွေအကုန်လုံးကို ပြောင်းလဲနိုင်ဖို့ ကြိုးစားပါတော့တယ်။

သူတစ်ဖက်ကိုရောက်သွားပေမဲ့ Parallel World ပုံစံမျိုးဖြစ်ပြီး တစ်ဖက်ကမ္ဘာက သူကိုယ်သူဆီမှာ ပြန်ဝင်စားတာလို့ ပြောနိုင်ပါတယ်။

I just Wanna be Hero not HeroineWhere stories live. Discover now