သူလည်း မဝယ်ဘဲ နေလိုက်မည်ဟု တင်းခံပါသော်လည်း မရ။ မြေကွက်တွေ ခြံခင်းတွေဝယ်တာက အရှုံးလည်းမရှိသောကြောင့် စိတ်ကို အလိုလိုက်နေမိ၏။ အလုပ်မရှိတော့လျှင် ဝယ်ထားသမျှ ခြံခင်းထဲ ကြုံရာစိုက်ပြီး ရောင်းစားမည်။ ငတ်ပြီး သေနိုင်မည်တော့မဟုတ်။

"ကားဝယ်ပြီးရင် မင်းလက်ထဲ တစ်ပြားတောင်ကျန်ပါဦးတော့မလား... ပြီးရင် ကြံရည်ဆိုင်က ဖွင့်ချင်သေးတယ်"

ထိုသို့ပြောလိုက်မိတော့ ရှားရှားပါးပါးပုံစံလေးဖြင့် သွားဖြဲ ရယ်ပြလာခဲ့လေ၏။

ဝဿန် အလိုလိုက်ချင်စိတ်က ထိန်းမနိုင်သိမ်းမရတိုးထွက်လာ၍ သုံးလေးငါးချက်မျှ ဖိနမ်းကာဖြင့်...

"ပိုက်ဆံမလောက်ရင် ကိုယ့်ကိုပြော... အခု ပိုက်ဆံသွားသိမ်းတော့... နောင်ဆိုရင် မီးခံသေတ္တာပါဝယ်ပေးထားမယ် ကိုယ်ထင်တာမမှားဘူးဆို ရ​က်အနည်းငယ်အတွင်း ဧည့်သည်ရှုပ်တော့မှာ"

ဝဿန်ပြောခဲ့သည့်အတိုင်းပင်။ လူအချို့က ကြက်တစ်ကောင်စ နှစ်ကောင်စလာဝယ်ရင်း လုပ်ငန်းပါအကြောင်းအရာတချို့ကို မေးမြန်းကာ စနည်းနာလာကြသည်။ ဝဿန်နှင့်သင်္ခါတို့ကလည်း ကိုယ့်တစ်ဖို့တည်းသာ ကြည့်တတ်သူများမဟုတ်တော့ သိသလောက် ပြန်လည်ဝေမျှလိုက်ကြ၏။

တချို့လူများကမူ မတူ။ ဘယ်လောက်များမြတ်လိုက်သလဲဆိုတာကိုသာ စိတ်ဝင်စားပြီး ထိုအရာများကို မသိမသာရော သိသိသာသာပါ မျက်စောင်းထိုးနေကြသည်။ ထိုအခါ ဝဿန်ရော သင်္ခါပါ နှစ်ယောက်သား အနေအထိုင်ကို သတိပြုကာ ဆင်ခြင်ရလေသည်။ ငွေဆိုတာ မရှိလည်းမကောင်း၊ ရှိလွန်းလျှင်လည်း မကောင်းတော့။ ၎င်းနှင့်ပတ်သက်သော ပြဿနာတို့မှာ စိတ်အနှောင့်အယှက် ဖြစ်စရာ အကောင်းဆုံးပင်။

ကြက်ရောင်းပြီး နှစ်ရက်သုံးရက်ခန့်အကြာတွင် ထင်မှတ်မထားသော ဧည့်သည်နှစ်ဦး ရာဘာဒိုင်ဖွင့်ထားရာ ရွာလယ်သို့ ရောက်ရှိလို့လာခဲ့သည်။ ဖောက်သည်များမရောက်သေးသဖြင့် သင်္ခါက ကြံရည်ဆိုင်စဖွင့်ဖို့ ပြင်ဆင်နေသည့်အချိန်ဖြစ်၏။

ဝဿန်သဘောမကျသော ထိုလူငယ်ကောင်လေးက သူ၏အမေဖြင့် လိုက်ပါလာခဲ့ပြီး ကြံရည်စက်အား နေရာချနေသည့်သင်္ခါ့အနားသို့ ကပ်၍...

အဆွေခင်ပွန်းလောင်းနဲ့အတူ စီးပွားရှာဖွေ(completed)Where stories live. Discover now