တစ်ဖက်မှာတော့ ဖလေရာက အိပ်ရာပေါ်ကနေဆင်းကာ ဖန်ခွက်ထဲ ရေအပြည့်ထည့်လိုက်ရင်း မက်ဒါနာကို လှမ်းပြောတယ်။ "ဆိုတော့... ပြောပါဦး၊ ငါ့ရဲ့မင်းသမီးလေးက ဒီကမမကို ဘာများတောင်းဆိုမလို့လဲ။"

ဖလေရာရဲ့လေသံက လိုတာထက်ပိုပြီး အိုင်းရစ်လေသံပေါက်နေသလိုပဲ။ တကယ်တော့ ဖလေရာတို့မိသားစုက အမေရိကန်မှာနေတာကြာပြီမလို့ အိုင်ယာလန်စကားတောင်တတ်တော့တာမှမဟုတ်တာကို။ တမင်လုပ်ပြောနေတာ အသိသာကြီး။

ပြီးတော့ အစောပိုင်းကအထိ ဖလေရာက နှစ်နှစ်ခြိုက်ခြိုက်အိပ်နေခဲ့တာ။ တခြားသူတွေနဲ့မတူအောင် မက်ဒါနာရဲ့ဖုန်းနံပါတ်ကို ရင်းတုန်းတစ်မျိုး​သတ်မှတ်ထားတဲ့အတွက် အဲဒီသီချင်းသံမြည်လာလာချင်းပဲ အိပ်ရာကထမျက်နှာသစ်ပြီး ဖုန်းကိုင်တာ။

"ဒါနဲ့ နင့်ကုမ္ပဏီအခြေအနေရော ဘယ်လိုဖြစ်သွားပြီလဲ။" သူ့မန်နေဂျာက ကုမ္ပဏီထဲက လောက်တွေကိုရှင်းဖို့ကြိုးစားနေမှန်းသိပါတယ်။ သူက အဝေးမှာမလို့ မကူညီနိုင်ပေမဲ့ အခြေအနေတော့သိချင်သားပဲ။

"ရေဂင်သားအဖကို ဆွဲချက်တွေနဲ့ကန်ထုတ်ပြီးသွားပြီ၊ အခုကုမ္ပဏီက ပြန်လည်ဖွဲ့စည်းနေတဲ့အခြေအနေမှာရှိပြီး ငါက စီအီးအိုအသစ်ပဲ။"

အစကတည်းက မက်တယ်ပလာဒင်ကုမ္ပဏီက ဘယ်ရီဂရင်းမိသားစုရဲ့မိသားစုလုပ်ငန်းပါ။ ဒါပေမဲ့ဒီနှစ်တွေမှာ ဘယ်ရီဂရင်းမိသားစုက ကျဆင်းလာပြီဖြစ်တဲ့အတွက် ကုမ္ပဏီထဲက ဒုတိယအင်အားကြီးဖြစ်တဲ့ရေဂင်မိသားစုက နောက်ကွယ်ကနေ မကောင်းကြံလာပါတယ်။

ဥပမာအားဖြင့် ကုမ္ပဏီရဲ့စီအီးအိုကို ရုပ်သေးခန့်တာမျိုးပေါ့။ စီအီးအိုတွေကို ကုမ္ပဏီဘုတ်အဖွဲ့တွေက ရွေးချယ်တင်မြောက်တာဖြစ်ပြီး ဘုတ်အဖွဲ့ဝင်ဒါရိုက်တာတွေက စီအီးအိုရွေးကောက်ရာမှာ မဲပေးခွင့်ရှိပါတယ်။ ဘယ်ရီဂရင်းမိသားစုက ရှယ်ယာပိုင်ဆိုင်မှုမှာ များကောင်းများနိုင်ပေမဲ့ ကိုယ်စားပြုမဲကတော့ တခြားရှယ်ယာဝင်ဘုတ်အဖွဲ့ဝင်တွေနဲ့အတူတူ တစ်မဲပဲရတာပါ။ ဒုတိယအများဆုံးဖြစ်တဲ့ ရေဂင်မိသားစုက သူတို့ဩဇာလွှမ်းအောင် တခြားဘုတ်အဖွဲ့ဝင်တွေနဲ့ လက်ဝါးချင်းရိုက်ပြီး သူတို့ထိန်းချုပ်မယ့်ကိုယ်စားလှယ်လောင်းကို မဲပေးခိုင်းမယ်။ ဒါဆိုရင် ဘယ်ရီဂရင်းမိသားစုကလည်း ဘာမှမတတ်နိုင်တော့ဘူး။

I just Wanna be Hero not HeroineWhere stories live. Discover now