ဇာတ်သိမ်းအမှာစကား(ဇာတ်သိမ်းအမှာစကား)
448 9 0
Zawgyi code
အချစ်တွေပေးကြတယ်
#31.Dec.2022
Unicode
ကျွန်တော်တို့တွေ ဘဝတစ်ခုမှာ လူတစ်ယောက်ကို
အသက်တမျှ ချစ်မြတ်နိုးဖူးကြပါတယ်။
ကျွန်တော်တို့ချစ်တဲ့လူအပေါ် ဘာအပြစ်မှမမြင်ဘဲ
ချစ်ပေးတတ်ကြတယ် တောင်းပန်တတ်အောင်မသင်ပြပေး
မိဘူး မှားတာကိုမြင်အောင်မပြပေးမိဘူး
ချစ်တဲ့လူဘက်ကဘဲ အရာရာကို နားလည်ခွင့်လွှတ်ပြီး
အမှားမရှိတဲ့လူသားအဖြစ် အဲ့ဒီလူကို ရင်ထဲ နှလုံးသားထဲမှာ အပြစ်ကင်းပြီး ဖြူစင်တဲ့လူတစ်ယောက်လို
အချစ်တွေပေးကြတယ်
ဘယ်လိုဘဲရက်စက်နေပါစေ  ဘယ်လိုဘဲ ဥပေက္ခာပြုနေပါစေ
ဘယ်လိုဘဲ ဖောက်ပြန်နေပါစေ အတတ်နိုင်ဆုံးခွင့်လွှတ်နားလည်ကြတယ်။ ဒါတွေက ချစ်တာမဟုတ်ဘဲ အဆိပ်ပင်ကိုရေလောင်းနေကြတာပါ သည်းခံနေရတဲ့ ကာလအတွက်  နာကျင်ရတာတွေ ပင်ပန်းရတာတွေကို လျစ်လျူပြုထားတယ် တကယ်တမ်းပြန်လှည့်ကြည့်လို့ ကိုယ့်ကိုယ်ကိုမြင်တဲ့အချိန် အရာအားလုံးပြောင်းလဲနေပါလိမ့်မယ်။
သဒ္ဓါအေးက မိုးတိမ်ပြာကို ချစ်ခဲ့ပေမဲ့ တကယ်တမ်းတော့ မိုးတိမ်ပြာဆိုတဲ့ အဆိပ်ပင်ကို သူက ရေလောင်းပေါင်းသင်ပြီး
တယုတယစိုက်ပျိူးခဲ့တာပါ။မိုးတိမ်ပြာရဲ့ ဒဏ်ကို
မကေသွယ်ဟန်းက ဆက်ခံရဦးမယ် သဒ္ဓါအေးကတော့
ငါ့ဒဏ်နင်ခံဆိုပြီး မိုးတိမ်ပြာကိုအဲ့ဒီအမျိုးသမီးဆီ လက်လွှဲပေးလိုက်ခဲ့တယ်။
မိုးတိမ်ပြာက သဒ္ဓါအေးကိုချစ်ခဲ့လားလို့မေးရင် မချစ်ခဲ့ဘူးလို့ဘဲဖြေရမှာပေါ့ မိုးတိမ်ပြာက သဒ္ဓါအေးကို သဘောကျခဲ့တာပါ
အသေးအမွှားပုံရိပ်လေးတွေက ချစ်စရာကောင်းလို့ သဘောကျတဲ့စိတ်အပြင် မိုးတိမ်ပြာမှာ ဘာမှမရှိခဲ့ဘူး။
တကယ်ချစ်ရင် သင်ပေးသင့်တာကိုသင်ပေးပါ ထားမသွားဖို့ သည်းခံနေရင် ဒဏ်မခံနိုင်တဲ့အခါ ကိုယ်တိုင်လွှတ်ချရင် ပိုပြီး နာကျင်ရပါတယ်။
#31.Dec.2022
ခိုနားရာ (အပိုဆု) CompletedWhere stories live. Discover now