Part 7

341 20 0
                                    

"Happy 3 months anniversary"

ည၁၂နာရီကျော်လွန်သည်နှင့် နှလုံးသားပေးတာဝန်ကို
ထမ်းဆောင်ရတယ်။ ဒါဟာ ဝဋ်ကြွေးတစ်ခုဖြစ်နေရင်တောင် ပျော်ရွှင်စွာပေးဆပ်ဦးမယ်။

သူ့ဆီကပြန်စာရောက်မလာခဲ့...။ အချိန်ကား ညဉ့်နက်သန်းခေါင်ဖြစ်လေတော့ သူဟာ အိပ်မောကျနေတာဖြစ်လိမ့်မည်။ သူ့ထံကစာကိုမမျှော်ချင်ပေ မျှော်လိုက်တိုင်း မျက်ရည်စက်တွေနဲ့မို့ ကိုယ်ကသာလျှင် အစချီပြီးစာပို့ရပါတယ်။

အိပ်ပျော်သွားတဲ့ဒီညတော့ သူ ကျွန်တော်အိပ်မက်ထဲကိုရောက်မလာပေ သူ့အား ပိုင်သည့် ပိုင်ဆိုင်သူသက်ထားက
မလွှတ်၍လား သူကိုယ်တိုင် ကျွန်တော့်ရင်ခွင်မှာ
မပျော်ပိုက်၍လားတော့မသိ၊၊

သူ့ကိုကျွန်တော်အပိုင်မရသော်လည်းဦးလင်းရောင်ကိုတော့
ရနှင့်တယ်။ ဦးလင်းရောင်ဟာ ဥစ္စာပေါရုပ်ချော အသောက်အစားလဲကင်းကာ သူ့အတွက်ဟာလဲ ရွှေမရှားငွေမရှားပေ။

သို့ပေမဲ့ ရင်ခုန်ခြင်းဟာ ရွှေငွေမဟုတ်ပေ။
ရင်ခုန်ခြင်းဟာ သူသာဖြစ်သည်။ သူနှင့်ပတ်သက်သော ဘယ်လိုအရာမဆိုကျွန်တော်ဟာ အရူးအမူးစွဲလန်းတတ်၏။

အိပ်ပျော်နေစဉ်ဖုန်းသံကြား၍ အိပ်ရာနိုးလာတယ်အကြောင်းကား ဖုန်းသံမြည်လာတာကြောင့်ဖြစ်တယ်။ မျက်လုံးကိုအားယူကာဖွင့်ကြည့်လိုက်တော့ ထင်ထားသည့်အတိုင်း ဦးလင်းရောင်ရဲ့ ဖုန်းနံပါတ်ဖြစ်နေလေသည်။

ဒီလိုနေ့မှာတောင် ပထမဆုံးဖုန်းဆက်တဲ့လူက အစ်ကိုမဖြစ်ခဲ့လဲ ကျွန်တော်နားလည်၍မရချေ...။ ဒီနေ့ဟာ သူနဲ့ကျွန်တော့်ရဲ့အမှတ်တရနေ့လေး မဟုတ်လေသလား...။

"အင်း..."

"ကလေးငယ် အိပ်ရာထတော့နော် ကိုယ် မနက်စာလဲပြင်ထားခဲ့ပြီ အားလုံးအဆင်သင့်ဘဲ... အောက်ဆင်းပြီးစားလိုက်တော့နော်"

ကျွန်တော်စက္ကန့်အနည်းငယ်မျှငြိမ်သက်စွာနေမိတယ်။ သူ့အားနှင်ထုတ်ကာ မကောင်းပြောခဲ့ခြင်းကိုတောင်သူဟာအပြစ်မယူဘဲ ကျွန်တော့်အတွက် မနက်စာ လာပြင်ပေးထားသတဲ့...။

"အင်း...ကျေးဇူးတင်ပါတယ်"

စကားကိုခပ်ပြတ်ပြတ်ပြောကာ တီဟူသောဖုန်းသံနှင့်အတူဖုန်းချလိုက်ပြီးအိပ်ရာမှထလိုက်ကာ မျက်နှာသစ်ရန် ရေချိုးခန်းသို့ဝင်လိုက်၏။ မျက်လုံးအောက်နားမှ ညိုကွက်ရာလေးမှာ ထင်းနေလေတော့ အိပ်ရေးပျက်ပေါင်းများခဲ့ပြီမှန်းသတိပြုမိကာ ပြုံးရယ်မိပြန်တယ်။ အိပ်ချိန်အား အနုတ်လက္ခဏာပြစေခဲ့
သူမှာ ကိုယ့်ရဲ့ အသက်တမျှချစ်မြတ်နိုးရပါသောသူဖြစ်နေတာကြောင့် ဒေါသရယ်လို့မဖြစ်မိ...။

ခိုနားရာ (အပိုဆု) CompletedWhere stories live. Discover now