Part 10

314 16 0
                                    

Zawgyi code

"အစ္ကို.."

"ဗ်ာ...."

"ခ်စ္လားဟင္"

"ခ်စ္တယ္"

ဒါလဲယံုတာဘဲ။ခ်စ္တဲ့လူဆိုေတာ့ ဘယ္လိုေျပာေျပာယံုရတာဘဲ။

"ကေလး…ကိုယ္တို႔ ခရီးသြားရေအာင္"

အစ္ကိုနဲ႔စကားေျပာေနတုန္းဦးလင္းေရာင္ကေဘးနားမွာလာထိုင္ရင္း စကားစျပန္တယ္။ ဒီလူႀကီးကိုဆိုရင္ သဒၶါေအးကသိပ္မုန္းတာဘဲ…။

"ဟင့္အင္း မသြားဘူး အစ္ကိုနဲ႔မွသြားမယ္"

"ဒါျဖင့္လဲ သီတင္းကၽြတ္ေတာ့ ကေလးရဲ့မိဘအိမ္ ျပန္ရေအာင္"

"အင္း… ျပန္မွာ"

သူ႔အားေသခ်ာပင္မၾကၫ့္ ေမးတာကိုေျဖရံုမ်ွသာဆိုေတာ့သူဟာလဲရွက္ကိုးရွက္ကန္းရယ္ေလ၏။ လူႀကီးမ်ားရွက္ရင္ရယ္သတဲ့ေလ။

"ေျခေထာက္ကဘာျဖစ္တာလဲကေလး"

ေရႏြေးပူထိမိထားေသာ ေျခဖမိုးအားသူရိပ္မိသြားေလၿပီ။ ဒဏ္ရာရယ္လို႔ေတာ့မျဖစ္လွေပမဲ့ အသားျဖဴေလေတာ့ အနီကြက္ကေလးက်န္ေနခဲ့ျခင္းသာပါ။

"အရင္ေန့က အပူထိမိသြားတာ"

"ဟာကြာ...ကိုယ္...ကိုယ္အသံုးမက်လို႔ျဖစ္တာပါ ကိုယ္ေတာင္းပန္ပါတယ္ကေလးရယ္"

"အယ္…လူႀကီးနဲ႔မဆိုင္ပါဘူး ကၽြန္ေတာ့္ဘာသာသတိမထားမိတာ"

"မဟုတ္တာ…ကိုယ္ကေလးကိုတစ္ေယာက္တည္းမလႊတ္ထားသင့္ဘူးေလ"

ဒီလူႀကီးေနရာအစ္ကိုသာဆိုရင္အေပ်ာ္လြန္လို႔ရူးရခ်ည္ရဲ့။ ဒီလူႀကီးက ကိုယ့္ကို သည္းသည္းလႈပ္သေလာက္ အစ္ကိုကေတာ့ တုတ္တုတ္မ်ွမလႈပ္ေပ။

အင္းမလႈပ္အဲမလႈပ္​ေရခဲတံုးလဲကိုယ့္မွာခ်စ္လို႔ကမဝႏိုင္ပါဘူး။ ဘယ္ခ်စ္လို႔ဝမလဲ ဝဋ္ႂကြေးပါတယ္ေလ ဆပ္ရဦးမွာေပါ့။

Unicode

"အစ်ကို.."

"ဗျာ...."

"ချစ်လားဟင်"

"ချစ်တယ်"

ဒါလဲယုံတာဘဲ။ချစ်တဲ့လူဆိုတော့ ဘယ်လိုပြောပြောယုံရတာဘဲ။

"ကလေး…ကိုယ်တို့ ခရီးသွားရအောင်"

အစ်ကိုနဲ့စကားပြောနေတုန်းဦးလင်းရောင်ကဘေးနားမှာလာထိုင်ရင်း စကားစပြန်တယ်။ ဒီလူကြီးကိုဆိုရင် သဒ္ဓါအေးကသိပ်မုန်းတာဘဲ…။

"ဟင့်အင်း မသွားဘူး အစ်ကိုနဲ့မှသွားမယ်"

"ဒါဖြင့်လဲ သီတင်းကျွတ်တော့ ကလေးရဲ့မိဘအိမ် ပြန်ရအောင်"

"အင်း… ပြန်မှာ"

သူ့အားသေချာပင်မကြည့် မေးတာကိုဖြေရုံမျှသာဆိုတော့သူဟာလဲရှက်ကိုးရှက်ကန်းရယ်လေ၏။ လူကြီးများရှက်ရင်ရယ်သတဲ့လေ။

"ခြေထောက်ကဘာဖြစ်တာလဲကလေး"

ရေနွေးပူထိမိထားသော ခြေဖမိုးအားသူရိပ်မိသွားလေပြီ။ ဒဏ်ရာရယ်လို့တော့မဖြစ်လှပေမဲ့ အသားဖြူလေတော့ အနီကွက်ကလေးကျန်နေခဲ့ခြင်းသာပါ။

"အရင်နေ့က အပူထိမိသွားတာ"

"ဟာကွာ...ကိုယ်...ကိုယ်အသုံးမကျလို့ဖြစ်တာပါ ကိုယ်တောင်းပန်ပါတယ်ကလေးရယ်"

"အယ်…လူကြီးနဲ့မဆိုင်ပါဘူး ကျွန်တော့်ဘာသာသတိမထားမိတာ"

"မဟုတ်တာ…ကိုယ်ကလေးကိုတစ်ယောက်တည်းမလွှတ်ထားသင့်ဘူးလေ"

ဒီလူကြီးနေရာအစ်ကိုသာဆိုရင်အပျော်လွန်လို့ရူးရချည်ရဲ့။ ဒီလူကြီးက ကိုယ့်ကို သည်းသည်းလှုပ်သလောက် အစ်ကိုကတော့ တုတ်တုတ်မျှမလှုပ်ပေ။

အင်းမလှုပ်အဲမလှုပ်​ရေခဲတုံးလဲကိုယ့်မှာချစ်လို့ကမဝနိုင်ပါဘူး။ ဘယ်ချစ်လို့ဝမလဲ ဝဋ်ကြွေးပါတယ်လေ ဆပ်ရဦးမှာပေါ့။




ခိုနားရာ (အပိုဆု) CompletedWhere stories live. Discover now