~𝑃𝑎𝑟𝑡 2~

Start from the beginning
                                    

သူ‌အပြောက ပါးနဲ့အကိုအတွက်တော့ ကြက်သီးထသွားပုံပင်

"Natawin!! ကိုယ်မင်းကိုအကြိမ်ကြိမ်သတိပေးထားရဲ့နဲ့!! မင်းဂရုမစိုက်ခဲ့ဘူး! အဲ့တော့ဒီနေ့ကစပြီးမင်းမထင်မှတ်ထားတာတွေကိုကိုယ်လုပ်ပြမယ်!! မင်းကိုယ်ရှေ့ကိုမင်းဘာသာရောက်လာစေရမယ်!"
____________________
New York ကကောင်လေးတစ်ယောက်ဟာ တစ်ချိန်ကရိုက်ခဲ့ဖူးတဲ့ဓာတ်ပုံလေးတွေကို ကြည့်ကာမျက်ရည်ဝဲနေလေရဲ့ ပါးစပ်ကလဲတဖွဖွ တောင်းပန်ပါတယ် ဆိုတဲ့စကားကိုပြောနေလေသည်။ တစ်နှစ်တောင်ကြာပါရောလား သူနဲ့မတွေ့ဖြစ်တာ

"ဟေ့! Po!"

"အာ! bible!"

မျက်ရည်တွေကိုအသဲသန်သုပ်လိုက်ကာ bible ကိုကြည့်လိုက်ကာ ပြုံးပြလိုက်သည်။ bible ဆိုတာသူ့ရဲ့အခန်းဖော်တစ်ယောက်လဲဖြစ် သူ့ကိုနားလည်ပေးနိုင်ဆုံးနဲ့ကောင်းကောင်းရင်ဖွင့်လို့ရတဲ့ သူငယ်ချင်းတစ်ယောက်ပင်ဖြစ်တယ်

"ဟေ့! ငိုနေတာလား!"

"မဟုတ်ပါဘူး! ဘာကိုငိုရမှာလဲ!"

"ဘာလဲသူ့အကြောင်းကိုတွေးမိပြန်ပြီလား!"

bible ကသူနဲ့လူကြီးကြောင်းကိုသိသည်။ ဒါပေမဲ့အမြဲလူကြီးဘက်ကသာလိုက်ပြောပေးသည်။ အဲ့တာကြောင့်လူကြီးအကြောင်းနဲ့ပတ်သက်ရင် bible ကိုဘယ်တော့မှထက်မပြောဖြစ် တခါတလေသူ့ကိုတောင်မှားတယ်လို့ပြောခြင်သေး

"လွမ်းရင်လဲဖုန်းဆက်လိုက်လေ!"

"မဆက်ရဲပါဘူးနော်! မနက်ဖြန်ဆိုအိမ်ပြန်ရတော့မှာ! ငါသူနဲ့တွေ့မှာကိုကြောက်လိုက်တာ!"

သူပြောလိုက်တော့ bible ကရယ်ကာ 

"ဘာကိုကြောက်ရမှာလဲ! ဘာလဲခေါင်းကိုရိုက်ခဲ့မိလို့လား! ဒါအတွက်ဆိုရင်တော့ ကျွန်တော်ဆိုရင် New York ထိလိုက်လာပြီ Po ကိုအတင်းပြန်လာခေါ်မှာ!"

ကြောက်ပါတယ်ဆို ဖြဲခြောက်တဲ့လူကရှိသေး အဲ့ကောင် bible ကအဲ့လူကြီးနဲ့ဘာတော်လဲမသိ အဲ့လူဘက်ကဘဲလိုက်ပြောနေတယ် တကယ်

"ထားပါအဲ့အကြောင်းတွေ! မင်းရောဘယ်တော့ထိုင်းကိုပြန်မှာလဲ!"

"နောက်တစ်ပတ်လောက်မှ! ကျွန်တော်တော့ Po ကိုလွမ်းနေတော့မှာဘဲ!"

𝖬𝗒 𝖡𝖺𝖽 𝖡𝗈𝗒𝖿𝗋𝗂𝖾𝗇𝖽Where stories live. Discover now