ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (Z)

Start from the beginning
                                    

" ဟီရိုကို ... နင့်အတွက် လက်ဆောင်ပါလာတယ် "

လနတ်ဘုရားမ၏စကားကြောင့် ဟီရိုကိုမှာ ပယင်းရောင်မြေခွေးမျက်ဝန်းလေးများ ပြူးကျယ်သွားခဲ့လျက်။

" နင့်ရဲ့သားအီတိုကို ခေါ်လာခဲ့ပြီ "

သားဆိုသောနာမ်စားလေးကြားသည်နှင့် ဟီရိုကိုမှာ မိနစ်အနည်းငယ်ကြာအောင် မှင်သေသွား၏။ ခရစ်စတိုဖာလည်း သူ့ရှေ့တွင်မြင်နေရသော မြေခွေးဖြူအမမှာ သူ့မိခင်ဖြစ်ကြောင်း သိရချိန်၌ ဝမ်းသာလုံးဆို့ကာ ပယင်းမျက်ရည်များ တစ်စက်ချင်းစီးကျလာသည်။

" မေမေ "

ဟီရိုကို နားထဲတွင် မေမေ ဟု ခေါ်သံက ပဲ့တင်သံရိုက်သွားကာ သူမ၏နှလုံးသားကို နွေးထွေးစပြုလာကာ မျက်ဝန်းအတွင်းမှ ပယင်းဝါမျက်ဝန်းများထံမှ မျက်ရည်လေးများ စီးဆင်းလာ၏။ ထိုစဉ် ခရစ်စတိုဖာ၏မှတ်ဉာဏ်ထဲ၌ အဖျောက်ခံထားရသေယ သူ့ငယ်ဘဝက မိခင်ဖြစ်သူနှင့်ပတ်သက်သမျှ မှတ်ဉာဏ်အားလုံးပေါ်ပေါက်လာသည်။

" အီတို .... အီတိုလေးလား။ အိုး ... အမေ့ အီတိုလေးက အကြီးကြီးဖြစ်နေပြီ "

ဟီရိုကိုမှာ သားဖြစ်သူကို သူမ၏နူတ်သီးလေးနှင့်ပြေးနမ်းချင်ခဲ့သော်လည်း သူမခြေကျင်းဝတ်က သံကြိုးများမှာ ဆွဲထားခဲ့သည်။ ဤသည်ကို ခရစ်စတိုဖာမြင်လျှင် လွန်စွာစိတ်မကောင်းဖြစ်ကာ ဟီရိုကိုဆီသို့ တရှိန်ထိုးသွားခဲ့သည်။

" မေမေ "

သူ၏နှုတ်သီးဖြင့် မိခင်ဖြစ်သူ၏လည်ပင်းကို ကြင်နာစွာနမ်းရှုံ့ပွတ်သပ်နေခဲ့သည်။ တစ်ချိန်တည်း၌ သူ့နှလုံးသားတွင် အတိုင်းထက်အလွန်ဝမ်းနည်းနေခဲ့သလို ပျော်ရွှင်ဝမ်းမြောက်နေမိသည်။ သူ၏မြေခွေးကိုယ်လုံးသည် မိခင်မြေသူထက်ပင် ၃ ဆလောက်ကြီးမားခဲ့သောကြောင့် ဟီရိုကိုမှာ သားဖြစ်သူခရစတိုဖာ၏အမွှေးထူထူရင်ဘတ်အလယ်တွင် ခေါင်းမှီထားခဲ့သည်။

" အီတိုလေး ... ကောင်းကောင်းကြီးပြင်းလာခဲ့တာပဲ။ သားနဲ့အတူမရှိနေနိုင်လို့ တောင်းပန်ပါနယ် ကလေးရယ် "

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now