ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (Z)

Start from the beginning
                                    

သို့သော် သူတို့သားကောင်ဟု သတ်မှတ်ထားသူများမှာ သူတို့အရှင်သခင် မင်းသားဂါဗင်၏ညီငယ်ဖြစ်နေခဲ့ပြီး ကျန်တစ်ယောက်မှာ shopping center တွင် ဂျရယ်မိုင်ရာနှင့်အတူတူ လိုက်လာခဲ့သော ကောင်မလေးဖြစ်နေမှန်း သိလိုက်ရချိန်မှာ သားကောင်အဖြစ်မသတ်မှတ်နိုင်တော့ပေ။ သို့ဖြစ်လျှင် ဂါဗင်ဆီကိုသာ သတင်းပို့ရန် ဆုံးဖြတ်ခဲ့ကြသည်။

ကီရမ်က မွန်ဒီကို သူမ၏စံအိမ်တော်သို့ ပြန်လိုက်ပို့ပေးရန် ဆုံးဖြတ်ခဲ့သောကြောင့် နှစ်ယောက်သား လက်ချင်းချိတ်တွဲကာ အိမ်အပြန်လမ်းသို့ အတူတူလျှောက်လာကြသည်။ လမ်းလျှောက်နေစဉ်မှာလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မဝဖြစ်နေကာ တစ်ယောက်တစ်လှည့် အနမ်းပေးခဲ့ကြသည်။

ဤသို့ဖြင့် ၂ နာရီကျော်ကြာအောင် လမ်းလျှောက်လာခဲ့ကြစဉ် သူတို့နှစ်ယောက်၏လမ်းကြောင်းရှေ့တွင် အရေအတွက်အားဖြင့် ၃၀ ကျော်သော ဂါဗင့်၏တပည့်မိစ္ဆာများက ကြိုတင်စောင့်ဆိုင်းနေခဲ့သည်။ ကီရမ်နှင့်မွန်ဒီလည်း ကြောင်အမ်းအမ်းဖြစ်သွား၏။ ကီရမ်ကမူ မွန်ဒီကို သူ့သူငယ်ချင်းဟုပြောရန် တွေးနေသည်။ သို့သော် သူ့အနေဖြင့် ဂါဗင်၏တပည့်များမှာ မွန်ဒီ့ကို တစ်ကြိမ်တွေ့ဖူးခဲ့ကြသဖြင့် မှတ်မိသိရှိနေခဲ့ကြောင်းကို မသိရှာခဲ့ပေ။ ထို့အတူ မွန်ဒီမှာလည်း ဂါဗင်၏တပည့်များကို မမှတ်မိပေ။

သူတို့နှစ်ယောက်ရှေ့သို့ အုပ်စုလိုက်ရောက်လာကြပြီးလျှင် မတ်တပ်ရပ်ခဲ့ကြသည်။

" မင်းသား ကီရမ် ... အရှင်မင်းသားရဲ့အစ်ကိုတော် ဂါဗင်ကနေ သူ့စံအိမ်တော်ကို အမြန်လာဖို့ ခေါ်လိုက်ပါတယ် "

" ဟမ် ... ငါ့သူငယ်ချင်းကို အိမ်ပြန်လိုက်ပို့ရအုံးမယ် ... နောက်မှလာလို့မရဘူးလား"

ကီရမ်က ဂါဗင်၏စံအိမ်တော်ကို သွားရမည်ဆိုလျှင် အနည်းငယ် ရင်ထိတ်သွားသည်။ ထို့နောက် ဂါဗင့်တပည့်များက နှစ်ယောက်သား၏လက်များကို ဝိုင်းချုပ်လိုက်ကြကာ အတိတ်မေ့သွားအောင် ဦးခေါင်းများ၏နောက်စေ့ကို ပိတ်ရိုက်ခဲ့ကြသည်။ မွန်ဒီက နေရာမှာတင် လဲကျသွားပြီး ကီရမ်က သတိမမေ့သေးဘဲ ရုန်းကန်နေခဲ့သည့်အတွက် ဂါဗင့်တပည့်များမှာ မိစ္ဆာစွမ်းအားသုံး၍ လှုပ်မရအောင် ထိန်းချုပ်ထားကြသည်။ ထို့နောက် သူတို့ဆီ ကားအနက်များရောက်လာသည့်အခါ ကီရမ်နှင့်မွန်ဒီကို သယ်ဆောင်ဖမ်းခေါ်သွားကြကာ လူအုပ်စုခွဲ၍ ကားများထဲသို့ အလျှိုအလျှို ဝင်သွားကြသည်။ ပြီးလျှင် ဂါဗင်၏စံအိမ်တော်ဆီသို့ မောင်းခဲ့ကြသည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now