ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (U)

Start from the beginning
                                    

" ဘာကြောင့်ခုလိုပြောရတာပါလဲ "

ဒိုရီယန်က အသံတုန်ယင်စွာ မေးလိုက်လျှင် ဂါဗင်၏မျက်ခုံးတစ်ဖက်က အပေါ်သို့ပင့်တက်သွားပြီး မျက်နှာတွင် အမြင်ကတ်စရာကောင်းသည့်လှောင်ပြုံးတစ်ခုပေါ်လာသည်။

" ရီကာဒိုရဲ့ပုံစံအမှန်သိရင် မင်းလန့်သွားမှာ"

ဒိုရီယန်၏လက်သီးများ ပိုတင်းကျပ်လာသည်။ ဂါဗင်က သူ့လက်သီးများကိုကြည့်ရင်း လှောင်ပြုံးနေခဲ့သည်။

" ဘာလို့လဲသိချင်နေပြီလား ...."

" ဒုန်း "

ရုတ်တရက် အခန်းတံခါးကိုအရှိန်ပြင်းပြင်းဆောင့်ဖွင့်လိုက်သည့်အသံကြောင့် ဒိုရီယန်မှာ နောက်လှည့်ကြည့်ခဲ့သည်။ မျက်နှာထားတင်းနေသောရီကာဒိုကိုမြင်လိုက်ရလျှင် ဒိုရီယန်မှာ အနည်းငယ်လန့်သွားသည်။

" မင်း ဘာတွေကြံနေတာလဲ ဂါဗင်"

ရီကာဒိုက ခြေလှမ်းကျဲများဖြင့်လျှောက်လာပြီး စားပွဲခုံပေါ်က ဝိုင်ပုလင်းများနှင့် ဝိုင်ခွက်များကို သူ့လက်နှစ်ဖြင့် လွှဲရိုက်ချခဲ့ပြီး အသားကုန်အော်ဟစ်ခဲ့သည်။ ဖန်ကွဲသံများက အခန်းအတွင်း ဆူညံသွား၏။ ဖန်ကွဲစများနှင့် ဝိုင်အရည်များက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲကာ ဝပ်အိုင်သွားသည်။ ဂါဗင်မှာ မှင်သေသေမျက်နှာထားနှင့်ခပ်ရေးရေးပြုံးလိုက်သည်။

" သူ့လိုပျော့ညံ့တဲ့လူသားအစစ်တစ်ယောက်နဲ့ ဘာလို့တွဲချင်ရတာလဲ၊ ကျွန်တော့်အစ်ကိုက သူ့ကိုအဆုံးထိလိမ်ဖို့ စဥ်းစားနေတာလား၊ အစ်ကို့သရုပ်မှန်ကို သူတစ်နေ့တစ်ချိန်သိသွားရင်ကြောက်ပြီးထားခဲ့မှာပဲကို ... ဒီလူသားကို ဘာလို့ယုံပြီးချစ်နေမှာလဲ "

" ဂါဗင် "

ရီကာဒို အလွန်ဒေါသထွက်လာပြီး ဂါဗင်၏အင်္ကျီကော်လံနှစ်ခုကို အားဖြင့်ဆောင့်ဆွဲခဲ့သည်။

" သူငါ့ကိုကြောက်ပြီးထားသွားလည်း အဲဒီအချိန်ကျမှ ငါပြန်အထီးကျန်ဆန်ဖို့ တွေးထားခဲ့တာ ... သူငါ့အကြောင်း ဘာမှမသိတဲ့အချိန်လေးမှာ ငါကသူနဲ့ဒီတိုင်းလေးနေဖို့ အိမ်မက်မက်ထားတာကို မင်းမို့လို့ ကိုယ်ချင်းမစာဘဲ ငါ့အိမ်မက်ကိုဘာလို့ဖျက်ဆီးချင်ရတာလဲ "

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now