Part-76

4.8K 88 0
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-76)💜💜💜

" ဦး"

"ဦးလို့ ဘာတေတွေးနေတာလဲ"

"ဟင် ခလေးနိုးနေတာလား"

"အင်းလေ ဘေဘီနိုးတာတောင်မသိဘူးလား"

"အဟက် ဦးစဉ်းစားနေတာ"

"ဘာကိုလဲဟင်"

"သားလေးနဲ့ သမီးလေးကို နာမည်ပေးဖို့"

"အော် နာမည်မှည့်ပေးတဲ့ဘုန်းဘုန်းတေရှိတယ်လေ"

"အဲ့လို မပေးချင်ဘူး ကိုယ်တိုင်ပဲသတ်မှတ်ပေးချင်တာ"

"ဦးက စဉ်းစားထားလား"

"အင်း နှစ်ယောက်စလုံးမှာ သင်္ကေတ ပါရမယ်"

"အင်း သားလေးက အလင်း"

"အလင်း"

"ဟုက်တယ် နေမင်းနဲ့ လမင်းရဲ့ အလင်း"

"အော် အလင်းသင်္ကေတပေါ့"

"အင်း သမီးလေးက အချစ်"

"ဦးနဲ့ဘေဘီ့ရဲ့ အချစ်ပေါ့"

"အင်းပေါ့ အချစ်သင်္ကေတ"

"အာ့ဆို အလင်းသင်္ကေတနဲ့ အချစ်သင်္ကေတ မဆိုးပါဘူး ဒါမဲ့မနေ့က စနေလေ"

"အဟက် ခလေးက ဒီမနက်4နာရီမွေးတာလေကွာ"

"အော် ဟုက်သားပဲ  အိပ်လိုက်တော့ တနေ့ကုန်သွားတယ်ထင်တာ တနင်္ဂနွေပေါ့နော် အာ့ဆိုနေ့နံလဲကိုက်တယ်"

"အင်းပေါ့"

"ဘေဘီကဗုဒ္ဓဟူးဆိုတော့
ဆင်ကြီးဂဠုန်ချီဆိုတာရှိတယ်လေ သူတို့ကဘေဘီ့ကို နိုင်ရင်ဘယ်လိုလုပ်မလဲ"

"အဟင် အာ့ဆို ဒီကစနေ နင်္ဂါးကြီးက အဲ့ဂဠုန်နှစ်ကောင်ကို ဆုံးမပစ်မှာပေါ့"

"ဟား ဟား ဒါနဲ့ ကလေးတေရောဟင်"

"သူတို့က သူတို့အခန်းထဲမှာ ခလေးက မျက်နှာသစ် သန့်ရှင်းရေးလုပ် မနက်စာလေးစားပီး ချိုချိုတိုက်ရမယ်"

"အင်း"

"ကဲ  အာ့ဆို မျက်နှာသစ်မယ် ရေနွေးလေးနဲ့ရေဘက်လေးတိုက်မယ် လာ"

ထုံးစံအတိုင်း အစစအရာရာ သေချာလိုက်လုပ်ပေးနေသည်
ဟိုကလေးနှစ်ယောက်ကို ဆရာဝန်မလေးတေ ပြုစုပေးပေမယ့် ဒီခလေးလေးကတော့ ဦးပြုစုရမယ့် ဦးခလေးလေး

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now