Part-28

4.9K 118 3
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-28)💜💜💜

"ဟဲ့ ဘေဘီ ဒါနဲ့ဟိုမှာ ဘယ်သူလဲ ကြည့်လိုက်စမ်း"

"ဟယ် ဟန်နီ သူလဲဒီမှာတတ်တာပဲထင်တယ်နော်"

ဟန်နီလင်း ဘေဘီ့ထက်နှစ်လကြီးတဲ့ညီမဝမ်းကွဲ
ဖေဖေ့ ညီရဲ့သမီးပေါ့ တနည်းအားဖြင့် Jade
Companyလက်ရှိဥက္ကဌရဲ့တစ်ဦးတည်းသောသမီး ငယ်ငယ်ကတည်းကလူချစ်လူခင်ပေါတဲ့ဘေဘီ့ကိုကြည့်မရပဲ အမြဲနှိမ်တတ်တဲ့သူ

သူ့သူငယ်ချင်းလေးယောက်နဲ့လာရင်း ဘေဘီတို့ဝိုင်းနားရောက်တော့

"ဟယ် ဘေဘီမ အမယ် နင်ကဒီမှာလား"

"အင်း နင်ရော ဒီမှာလား"

"အင်း ငါကဆေး"

"ငါလဲဆေးလေ ဘယ်sectionလဲ"

"B နင်ရော"

"ငါနဲ့ကြယ်နဲ့ကAမှာ နင့်ကိုတွေ့လိုက်လို့ အံ့သြသွားတာ ငါတို့က"

"ဟွန့် ငါ့လို သူဌေးသမီးက ဒီမှာရှိတာမဆန်းပါဘူး ဒီတက္ကသိုလ်က လူကုံထံသားသမီးတေပဲတတ်တာလေ နင်ရှိနေတာသာထူးဆန်းတာ"

ပြောပီး ဘေဘီတို့ဘေးကဝိုင်းမှာထိုင်ရင်း

"ဟန်နီ အဲ့ကောင်မလေးကဘယ်သူလဲ"

"ငါနဲ့အမျိုးတော်တယ် အလကားပါ သူ့အိမ်ကထမင်းဆိုင်ဖွင့်တာ"

"ဟမ် ထမင်းဆိုင်ဖွင့်ပီး ဒီကျောင်းတတ်နိုင်တယ်ပေါ့လေ"

"တတ်နိုင်မှာပေါ့ fbကယောက်ျားတေကိုမြူစွယ်ပီး သူ့ဆိုင်ရောင်းကောင်းအောင်လုပ်ထားတာလေ"

"ဟယ် ဟုက်လား"

"သူ့အမေအကြံပဲနေမှာ ဒီကျောင်းတတ်ပီး သူဌေးသားတယောက်လောက်အပိုင်ဖမ်းခိုင်းထားလားမှာမသိတာ"

စိတ်တိုပီး ထတော့မလို့လုပ်နေတဲ့ကြယ်စင်ကို ပြန်ဆွဲထားတော့

"ဘာလို့ပြန်ဆွဲထားလဲ လွှတ် အဲ့ကောင်မ အဲ့အကျင့်ကိုမပြင်သေးဘူး ကျောင်းတုန်းကအတိုင်းပဲ"

"ပြန်ထိုင်စမ်းပါ ကြယ်စင်ရယ် ငါရန်မဖစ်ချင်ဘူး"

"ဟဲ့ စွာတေးလန်မ နင်စွာတာတေ ခုကျဘယ်ရောက်သွားလဲ ထ လာအဲ့ ဟာမကိုသွားလုပ်မယ်"

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now