Part-58

5.1K 97 2
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-58)💜💜💜

"နေဦး ခလေးလက်"

ပြောတယ်ဆို လက်လေးနောက်ပစ်လိုက်တဲ့ခလေး

"ခလေး ဦးပြောနေတယ် ပြစမ်းအဲ့လက်"

အတင်းဆွဲတော့ပက်တီးစည်းထားတဲ့လက်လေးကသူ့လက်ထဲပါလာတယ်

"ဟာ ဒါဘယ်လိုဖစ်တာလဲ"

"ဟို ဒီတိုင်း ခိုက်မိတာ"

"မဟုက်သေးဘူး"

ပတ်တီးဆွဲဖြေကာ ပလာစတာအရှည်ကို အမြန်ဆွဲခွာလိုက်တော့

"ဟာ"

သူသိပ်ချစ်တဲ့ချစ်ရသူလေးရဲ့လက်ကောက်ဝတ်သေးသေးလေးမှာ တစ်လက်မခွဲလောက်ရှိတဲ့ချုပ်ရိုးရာကြီး မြင်တယ်ဆို ရင်ထဲဆစ်ကနဲ
ဘေဘီဘာလို့ဆေးရုံရောက်ရလဲသူသဘောပေါက်သွားပီ

"ခလေး မင်း မင်းကွာ ဘာလို့အဲ့လိုလုပ်ရတာလဲ ဘာလို့အဲ့လိုလုပ်တာလဲ ဟမ်
ဟာကွာ သေသွားရင်ဘယ်လိုလုပ်မလဲခလေးရဲ့ မင်းရောဂါမင်းမသိဘူးလား ဟမ် "

"ဦး ဘေဘီက"

"မင်းဓားရှရင် ကြောက်တတ်လွန်းလို့
ဦးဘယ်လောက်ဂရုစိုက်ခဲ့ရလဲ
မတော်လို့သွေးပြန်ကြောကိုထိသွားရင်ရော ဟမ်
သေမှာ လမင်းဘေဘီရဲ့ မင်းသေမှာ သိရဲ့လား "

"ဦးနောက်လိုက်ချင်လို့ ဆေးရုံရောက်အောင်ကြံမိကြံရာကြံမိတာပါ ဘေဘီဆေးကျောင်းသူပါ ဦးရဲ့ သွေးပြန်ကြောမထိအောင်ဖြတ်မှာပေါ့ အခုဘာမှမဖစ်ဘူးလေ"

"ဘာလို့ဘာမှမဖစ်ရမှာလဲ မလိမ်နဲ့လမင်းဘေဘီ မင်းဘယ်လောက်နာကျင်ရလဲမင်းအသိဆုံး တခုခုလွဲချော်သွားရင်ကွာ အာ့"

ပြောရင်းနဲ့ရင်ဘက်ကစူးကနဲ

"ဟာ သင်္ကေတ သတိထားဦးလေကွာ အခုဘေဘီဘာမှမဖစ်ဘူးလေ"

"မင်းတို့ကပြောမှာပေါ့ ငါ့ခလေးနာကျင်နေတာ
ငါဘေးမှာမရှိပေးနိုင်ဘူး ငါဘာမှမလုပ်ပေးနိုင်ဘူးကွ ဟာကွာ တောက်"

"ဘာလို့လုပ်တာလဲ ခလေးရာ မင်းလုပ်စရာလားဟမ် ဦးကိုမသနားဘူးလား မင်းတခုခုဖစ်သွားရင် ဦး
မင်းက ဦးကိုထပ်သေစေချင်နေတာပဲ"

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now