Part-62

4.9K 91 1
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-62)💜💜💜

သင်္ကေတတယောက်ထဲကားမောင်းနေရင်း ခလေးအသံလေးမကြားရတော့ ပျင်းလာသလိုလိုပင်

"အင်းးးဟင်းး"

"ဟင် ခလေးညီးနေတာလား"

နဖူးလေးစမ်းကြည့်တေတာ့

"ကျစ် ဖျားပြန်ပီလားကွာ ပြင်ဦးလွင်ကအေးကအေးနဲ့"

ဝတ်ထားတာလေးကလဲဂါဝန်အပါးကိုမှလက်ပြက်လေး အနောက်ခန်းကစောင်လေးခြုံပေးလိုက်တော့

"ဦး ဖက်ထားပေး"

ချွဲသံလေးနဲ့ပြောတော့ နှုတ်ခမ်းထိပ်နှာခေါင်းထိပ်လေးတေရဲနေတဲ့ခလေးကိုကြည့်မိရင်းသနားလာတယ်

ခုနကပဲ  စားသောက်ပီးပျော်နေတာ
ဒီခလေးက နေမကောင်းရင်သူမဟုက်သလိုပဲ ပုံစံလေးချက်ချင်းပြောင်းသွားတာ

ပူနေတဲ့နဖူးလေးကိုတချက်နမ်းပီး

"ခဏလေးပဲနော်ခလေး ရောက်တော့မှာ အိမ်ရောက်ရင်အကြာကြီးဖက်ထားပေးမယ်"

ပြောရင်းကားကိုအရှိန်မြင့်ကာမောင်းလာခဲ့တယ်

"အဟင့် ချမ်းတယ်"

"ခလေးရယ် ခဏပါပဲကွာ"

အရာရာကိုသွေးအေးပြက်သားတဲ့နေမင်းသင်္ကေတ ခလေးနဲ့ပက်သတ်ရင် ပြာယာခတ်တတ်တာသူ့ကိုယ်သူအသိဆုံး

"တီ တီ တီ"

"ဟာကွာ ခြံတံခါးတခါဖွင့်ဖို့ကလဲ"

ခြံတခါးဖွင့်တယ်ဆို တရကြမ်းမောင်းဝင်လာကာဆင်းလာသောသင်္ကေတကို
တအိမ်လုံးကဝန်ထမ်းတေပြိုင်တူနှုတ်ဆက်လိုက်သည်

"မင်္ဂလာပါ သခင်လေး သင်္ကေတစံအိမ်ကကြိုဆိုပါတယ်"

"ရှုးးး ကျွန်တော့ခလေးအိပ်နေတယ်"

သခင်လေး သူ့ခလေးကိုဘယ်လောက်သဲသဲလှုပ်ကြောင်း စံအိမ်ကိုသတင်းတေကြိုရောက်ပီးသားမို့
မအံ့သြတော့ပါဘူး

ကားတခါးဖွင့်ကာခလေးကိုပွေ့ချီပီးအိမ်ထဲဝင်လာတော့

"သခင်မလေးကအိပ်ပျော်နေတာလား ဒေါ်ဒေါ်နန်းက စားစရာတေအဆင်သင့်လုပ်ထားတာ"

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now