🖤🖤Extra 🖤🖤

4K 187 2
                                    

(Unicode)

တစ်နေ့လုံး ဧည့်သည်များနှင့်ရွာသူရွာသားများကို ဧည့်ခံနေရခြင်းကြောင့် လူဟာမလှုပ်နိုင်လောက်အောင်ပင်ပန်းနေပြီ။
အားလုံးပြီးစီးပြီး မဂ်လာပွဲလည်းအခုတော့အထမြောက်ခဲ့ပြီ။
ကျုပ်ဒီကိုးယိုးကားယားသတိုးသားဝတ်စုံကို လဲချင်လှပြီ။အပျော်ကြီးပျော်ခဲ့ရပေမယ့် လူကပင်ပန်းလွန်းတာကြောင့်လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်။

"ဦးစီး...ကျုပ်ပင်ပန်းနေပြီ။

အမေနဲ့အမြက နေခဲ့ကြသည်။ကျန်တဲ့သူတွေတော့အကုန်အကြိုကားနဲ့ပြန်ကုန်သည်။
ကျုပ်တို့ လည်း အခုအိပ်ခန်းထဲရောက်နေသည်။ရေမိုးချိုးပြီးတော့ အိပ်ယာဝင်ရန်ပြင်ဆင်ကြသည်။

"ဝါးးးးးမိုက်လိုက်တဲ့ကုတင်ကြီး ဦးစီးဒါကျုပ်တို့အိပ်ဖို့လား"

"အင်း.. ဟုတ်တယ် ကိုယ်အဖူးကြိုက်တဲ့ နွယ်သာရောင်နဲ့နွယ်သာကီပန်းလေးတွေနဲ့အလှဆင်ပေးထားတယ်။ကြိုက်လား အဖူး"

"အင်း... ကြိုက်ပါတယ်ဗျ ဒါပေမယ့်လေ ပန်းဆိုတဲ့အရာကသိပ်နူးညံ့လွန်းလို့ သူရဲ့သက်ဆိုင်တဲ့အပင်မှာပဲရှိနေသင့်တာ နောက်တစ်ခါပန်းတွေကိုမခြွေပါနဲ့"

"ဟုတ်ပါပြီဗျာ... ကိုယ်ဇနီးလေးရဲ့အမိန့်တော်အတိုင်းပါ"

"ဘာဇနီးလဲ!...မာန်ဘမှူးဘိုကြီး.. "

ကြည့်ရတာ ဇနီးလို့ခေါ်တာမကြိုက်ဘူးထင်ပါရဲ့ နှုတ်ခမ်းလေးကိုထော်ပြီးရန်တွေ့နေတာအသဲယားစရာ။စိတ်ရှိတိုင်းသာ ကိုက်ဆွဲရရင်ဖြင့် ဟင်းးးးး။
မာန်...အာခေါင်တွေခြောက်လာသည်။အရှေ့က JJကာတွန်းညဝတ်စုံလေးနှင့်အမျိုးသားလေးကိုပဲ ကြည့်နေမိသည်။

"ဦစီး... ကျုပ်မေးစရာရှိတယ်"

"အဖူး....ကိုယ်တို့ကယူပြီးသွားကြပြီလေ အဲ့တော့ဦးစီးလို့မခေါ်ကဲ ကိုကြီးလို့ပဲခေါ်"

"အင်း... ကိုကြီး ကျုပ်မေးစရာရှိတယ်"

"ကျုပ်လို့မပြောပဲ... အဖူးလို့ပဲပြော"

"ဟူးးးးးစိတ်တွေကိုတော့ဆွဲဆန့်ထားရတယ်နော်"

မကြားနိုးနားနဲ့ရေရွတ်သည်။ယူပြီးလို့နော် မဟုတ်ရင်ခင်ဗျားကြီးမျက်နှာခုဆိုရောင်ကိုင်းနေလောက်ပြီ။

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now