Episode -33

2.9K 188 2
                                    

(Unicode)

(A/N...ဒီဇာတ်လမ်းထဲပါဝင်တဲ့အကြောင်းအရာနှင့်ဇာတ်လမ်းမှာ စာရေးသူရဲ့စိတ်ကူးများသာဖြစ်သည်။
မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိပါ....)

အချိန်ကားမနက်၉နာရီ လောက်ဖြစ်သည်။
.
.
.
.
သူကြီး ဝိုင်းထဲတွင်ရွာသူရွာသားများအာလုံးရောက်နေကြသည်။ဆရာတော်ဘုန်းဘုန်းအပါအဝင် ကလေးလူကြီး ကျား၊မ မရွေးအားလုံးပင်။

"ကဲ...အားလုံးကိုဒီနေ့ခေါ်ရတဲ့ ကိစ္စကတော့အရေးကြီးသဟေ့။
သစ်တောထဲတရားမဝင်လုပ်နေကြတဲ့ မှောင်ခို ပစ္စည်းတွေကိုမနက်ဖြန်မနက်ပဲ ဝက်ရောက်ရှာဖွေဖမ်းဆီးမှာပဲဖြစ်တယ်..
ပြီးတော့ ဒါတွေအားလုံးကိုဒီကဦးစီးမှူးနဲ့ကျန်တဲ့အရာရှိတွေက ဆက်လက်လုပ်ကိုင်မှာမို့ ရာဘာခြံဟိုဘက်အကျော် လုံးဝမသွားကြဖို့တိုက်တွန်းတယ်"

"အိန်းးးးဘုန်းဘုန်းလည်းမနက်စောစော လော်ဖွင့်ပြီးအားလုံးဘေးကင်းအောင် "ရတနာသုတ်"လေးရွတ်ဖတ်ပေးမယ်"

"ဒါနဲ့ ဒကာလေး လိုအပ်တာတွေစုံပြီလား"

"တင်ပါ့ဘုရား...တပည့်တော်လာထဲကလက်နက်အပြည့်အစုံယူလာပါတယ်..သစ်တောထိန်းသိမ်းရေးရုံးကိုလည်းအကြောင်းကြားထားတာကြောင့်မွန်းလွဲချိန်လောက် အကူတပ်နဲ့ ပစ္စည်းအချို့ထပ်ရောက်လာပါလိမ့်မယ်ဘုရား"

"ဘုန်းဘုန်း ဘုရား အဖူးလည်းလိုက်သွားပါရစေဘုရား"

"ဟဲ့...အဖူးဘာလို့လိုက်သွားမှာလဲ..မတော်လို့နင်တစ်ခုခုဖြသ်ကြည့်စမ်း ဘယ်လိုလုပ်မလဲ"

အမြ ကစိုးရိမ်တကြီးဝင်တားသည်။သူငယ်ချင်းအားလုံးကသဘောမတူပေ။အဓိက...အမေ။

"သား...ပေဖူးလွှာ လုံးဝမသွားရဘူး အမေ မင်းအဖေကိုရင်မောင်ကိုဆုံးရှုံးပြီးပြီ။သားကိုအမေမလွှတ်နိုင်ဘူး"

"အမေ...ကျုပ်ဘာမှမဖြစ်ပါဘူး တစ်ရွာလုံးစိတ်အေးအေးနေရဖို့အတွက် သားသွားမှဖြစ်မယ်"

"ဟဲ့... မိကျင်ရယ် ထည့်လိုက်ပါ။ဦးစီးမှူးလည်းပါတာပဲ လမ်းလည်းအဖူး ပဲကျွမ်းတာဆိုတော့ထည့်လိုက်ပါ...နင်တင်မဟုတ်ဘူးတစ်ရွာလုံးလဲစိတ်ပူနေတာပဲ အဖူး လိုက်သွားတော့ပိုအဆက်ပြေတာပေါ့"

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now