Episode -15

3.4K 230 1
                                    

(Unicode)

အဖူးမနက်စောစောထပြီး ပန်းတိုင်စျေးသို့သွားကာအမေမှာလိုက်တဲ့ ပစ္စည်းတွေကိုစုံအောင်လိုက်ဝယ်နေတာအခုဆိုတော်တော်တောင်စုံနေပြီ ဦးစီးကိုဝက်သားနဲ့မျှစ်ချဥ်ချက်ကျွေးမယ်လို့ပြောထားတာကြောင့် အသားတန်းသို့သူဝင်လာခဲ့လိုက်၏။

"အရီး..ဝက်သားတစ်ပိဿာဘယ်လောက်လည်းဗျ"

"တစ်ပိဿာကို၈၀၀၀ကွဲ့"

"ကျုပ်ကို၅၀ သားချိန်ပေးဗျ အလေးမှန်တယ်မှတ်လား"

"မှန်ပါတယ်သားရဲ့ ရော့..အရီးပိုထည့်ပေးလိုက်တယ်"

ဝက်သားဝယ်ပြီး ဟင်းရွက်တန်းသို့သွားပြီး မျှစ်နှင့်တို့စရာတို့ဘာတို့သွားဝယ်ပြီး ဆိုက်ကယ်ထားရာဆီသို့ပြန်လာခဲ့သည်။

အိမ်ကိုပြန်ရောက်တော့မနက်၅နာရီခွဲ ထမင်းအိုးတည်ပြီး ဝက်သားနှင့်မျှစ်ချဥ်ချက်လို့ပြီးပြီ။
ဒီနေ့ဦးစီး နေ့တစ်ပိုင်းပဲရုံးသွားမယ်လို့ပြောသည်။သူကြီးနှင့်ဆွေးနွေးစရာရှိလို့တဲ့ ကြည့်ရတာသစ်တောအကြောင်းပြောမလို့နှင့်တူသည်။သေချာတာတစ်ခုကတော့ လမ်းပြတစ်ယောက်မပါပဲဦးစီးတို့သွားတတ်မှာမဟုတ်လို့ပင်။
.
.
.
.
"ဒူ...ဒူ..ဒူ.."

သူကြီးအိမ်ရဲ့မောင်းကြီးထုသံကြောင့် ကတွယ်ရွာလေးထဲမှအိမ်ရှိသူတစ်ယောက်စီ သူကြီးအိမ်သို့အလျှိုလျှိုသွားကြလေပြီ အချို့ကလည်း ကိုင်းထဲကနေတောင်ပြန်လာကြရသည်။
အခုဆိုရင်သူကြီး၏အိမ်ရှေ့တွေ ရွာသူရွာသားများနှင့်ဝိုင်းထဲတွင်လူတောင်ပြည့်လုလုဖြစ့်နေ၏။ပေဖူးလွှာတို့ သူငယ်ချင်းအုပ်စုလည်းရောက်နေပြီ။

သူကြီးကပဲစတင်ကာစကားစပြောသည်။ရွာထဲတွင်အဖူးကလွဲ၍ကျန်တဲ့သူတွေအားလုံး သူကြီးဦးစောကြည်ကိုချစ်ကြောက်ရိုသေကြသည်။

"ကဲ..အားလုံးကိုခေါ်လိုက်ရတဲ့အကြောင်းကတော့နောက်အပတ်ကျရင် ရာဘာခြံနဲ့သစ်တောထဲကို ဦးစီးမှူးနဲ့ကျန်တဲ့အရာရှိတွေဝင်ပြီးစစ်ဆေးလေ့လာကြမှာဖြစ်တဲ့အတွက် ရွာထဲကလူတွေကဒီသတင်းကိုဘေးရွာတွေအထိမပေါက်ကြားအောင်သတိပြုရမှာဖြစ်တယ်"

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now