Episode -22

2.8K 188 7
                                    

(Unicode)

" ငါအဲ့ကောင်လေးကိုသဘောကျလို့ ကြိုးစားတော့မယ် မင်းစိန်"

"ဗျာ!!"

မင်းစိန်သူ့ဆရာကိုတအံ့တသြကြည့်လိုက်တော့ လိုချင်တာကိုမရရအောင်ယူမယ့်ပုံပင်။

"ဆရာ..ယောကျာ်းလေးအချင်းချင်းလေ အဲဲဒါနည်းနည်းမဟုတ်ပဲ တော်တော်လေးကိုလွဲနေသလားလို့"

" ငါမြို့မှာနေလာတဲ့ကောင်ပါမင်းတို့ လောက်တော့ ခေတ်ရှေ့ပြေးတယ်.."

"အာ..ဟုတ်ကဲ့ "

အဖူးတို့သူငယ်ချင်းသုံးယောက် အရီးဌေးလှိုင်ဆီက ထန်းရည်အချိုတစ်ပုံး(ခေါ်)တစ်မြူနှင့်ချိုပြင်းတစ်ပုံးစီမှာပြီး.အရိပ်ကောင်းလှသောဆေးရိုးပင်အောက်ရှိဖျာကြမ်းခင်းထားသောနေရာတွေဝင်ထိုင်လေသည်။
မကြာမီ အရီးလေး ဌေးလှိုင်.. ထန်းရည်နှင့်အတူမြည်းဖို့အတွက် မြေပဲလှော်နှင့်အာပဲခြောက်ကိုဆီဆမ်းထားတဲ့ပန်းကန်လေးလာချပေးသည်။

"သား..ပေဖူး အလကားသောက်သွားချေ။ပိုက်ဆံပေးမနေနဲ့"

"အာ..မဟုတ်တာ အမေဌေးလှိုင် ရ ကျုပ်ပိုက်ဆံပေးမှာပါ"

"ပေးမနေနဲ့ အလကားသာသောက်သွား..ပြန်ရင်နင့်အမေ မကျင်ကိုလာလည်ပါဦးလို့ပြောလိုက် ကြားလား"

"ဟုတ်ကဲ့ပါဗျာ...ကျုပ်ပြောလိုက်ပါ့မယ်"

ဝသုန်ဦး ခပ်လှမ်းလှမ်းရှိဆေးရိုးပင်အောက်တွင်ထိုင်နေသောအဖြူရောင်ရပ်ဝန်လေးဆီသို့ လျှောက်လာလေသည်။

"ညီတို့...အကို့ဒီမှာလာထိုင်လို့ရမလား"

"ရပါတယ် ဗျ"

ချိန်သီးက ခွင့်ပြုလိုက်သောအခါ ဝသုန်ဦးဖိနပ်ကိုချွတ်ပြီးဝင်ထိုင်လေသည်။
သူ့တပည့်မင်းစိန်တော့ တစ်ရောက်ထဲကျန်ခဲ့လေပြီ။

"အကို့ကို...ခင်လို့ရပါတယ်... အကိုကညီတို့နဲ့ခင်ချင်လို့ပါ"

"ဟုတ်...ခင်ပါတယ် ဗျ"

အဖူး ပြောလိုက်တော့ ဝသုန်ဦးပြုံးလိုက်မိသည်။
သူဒီအသံပိုင်ရှင်လေးနှင့် စကားတွေပြောချင်လှပြီ။

"အကိုနာမည်ဘယ်လိုခေါ်လဲဗျ...ကျုပ်က ပေဖူးလွှာလို့ခေါ်တယ်။
သူတို့ကတော့ ကျုပ်သူငယ်ချင်း မြရိုးနဲ့ချိန်သီး"

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now