Episode -35(The End)

5.9K 233 2
                                    

(Unicode)

မြေနီမှုန့်များခင်းထားတဲ့ ရွာဝင်လမ်းတစ်လျှောက် ကားများဝင်ရောက်လာသည်။
ရှေ့ဆုံးတွင်တော့ မိုးပြာရောင်ဂျစ်ကားတစ်စီးက ဦးဆောင်ကာမောင်းနှင်လာသည်။

တစ်ရွာလုံးမဟုတ်ရင်တောင်တစ်ဝက်လောက်က မဂ်လာဆောင်သွားရန်အားလုံးပြင်ဆင်ပြီးပြီ ဒီလူတွေထဲမပါတာဆိုလို့ ပေဖူးလွှာတစ်ယောက်သာရှိသည်။
သူကဘယ်လို ခွန်အားမျိုးနဲ့ ချစ်တဲ့သူရဲ့လက်ထက်မဂ်လာပွဲကိုသွားရမည်နည်း။
နိုးနေတာကြာပြီ။
အမေက အော်နိုးနေပေမယ့် မနိုးချင်ယောင်ဆောင်နေမိသည်။
အိပ်ပျော်တဲ့သူထက် အိပ်ချင်ယောင်ဆောင်နေတဲ့လူကပို၍နိုးရခက်သည်။

ဒေါ်ကျင် သားတော်မောင်ကို နိုးနေပေမယ့် တုတ်တုတ်မျှမလှုပ်တာကြောင့် အခန်းထဲဝင်သွားပြီး ထက်နိုးပြန်သည်။
ဦးစီးကအသေအချာမှာထားတာမို့ ဒီမဂ်လာပွဲသူမသွားလို့မရပေ။
လာကြိုတဲ့အကြိုကားများတောင် ဝိုင်းထဲရောက်နေပြီ။

"ဟဲ့...အဖူး ထစမ်း မဂ်လာဆောင်သွားရမယ်"

"ကျုပ်မလိုက်ဘူး အမေ ....ကိုယ့်ဘာသာသွားကြ ကျုပ်တစ်ယောက်ထဲနေချင်တယ်"

"မလိုက်လို့မရဘူး...ထ...လိုက်ခဲ့စမ်းပါ ဟိုကပြန်ရောက်ရင် သားချစ်တယ်ဆိုတဲ့ ဂွန်းနုကိုအမေလိုက်တောင်းပေးမယ်"

"မချစ်ဘူး...ကျုပ် အချစ်ဆိုတာကြီးကိုကြောက်လှပြီ"

"ဟေ...မရဘူး အခုထ ဝိုင်းထဲလူစုံပြီ"

"ဟာ!ကျုပ်မလိုက်ချင်ပါဘူးဆိုဗျာ..!!"

"ပေဖူးလွှာ... !!အမေ နောက်တခွန်းထပ်မပြောဘူးနော်...ထ ရေသွားချိုး မြန်မြန်ချိုးပြီးမြန်မြန်တတ်ခဲ့"

မလိုက်ဘူးငြင်းနေတာကို အတင်းလိုက်ခိုင်းပြန်ပြီ။အမေတို့များ သူတို့မခံစားရတိုင်း.....အဖေနဲ့တုန်းကျတော့ အတင်းခိုးပြေးကြပြီး သူများကိုကျ အတင်းခံစားခိုင်းနေတယ်။
ခြေထောက်ကို ဆောင့်ပြီး နောက်ဖေးကိုဆင်းကာရေချိုးလိုက်သည်။
ရေလဲပုဆိုးကို ဖြစ်ကလန့်ဆန်း ဝတ်ပြီး အိမ်ပေါ်ပြန်တတ်လာသည်။
ဝိုင်းထဲကြည့်လိုက်တော့ ကားတွေပေါ် ရွာသူရွာသားတွေ ထိုဂ်နေကြသည်။
မြရိုး နဲ့ချိန်သီးက ရှေ့ဆုံးကဖြစ်သည်။ကိုယ့်သူငယ်ချင်းလေးခံစားနေရတာကို ဘယ်သူမှအရေးမလုပ်ကြဘူး။

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now