Episode -10

4.2K 269 12
                                    

(Unicode )

နောက်နေ့မနက်....။

လယ်ကွင်းများမှ.လေပြေအေးအေးလေးက ပြတင်းပေါက်မှတိုက်ခတ်နေသကဲ့သို့ နေရောင့်ခြည်စူးစူးကလည်း မျက်နှာအထက်ကျရောက်လာတာကြောင့် ပေဖူးလွှာ အိပ်နေရာမှနိုးလာလေသည်။

အိမ်ပေါ်မှဆင်းကာ ရေချိုးသည်နေရာ (ကျောက်စည်)ကိုသွားပြီး မျက်နှာသစ် ကိုယ်လက်သန့်စင်လိုက်မှ လူဟာလန်းဆန်းသွားလေသည်။

မနက်နိုးကထဲက ဦးစီး ကိုမတွေ့ပေ။ရုံးကိုသွားတာဖြစ်ရမည်။

အဖူးလည်း အိမ်ရှေ့ကိုထွက်လာတော့ ဦးစီးမှူး ခြံတံခါးကိုဖွင့်ပြီးဝင်လာလေသည်။

"ဦစီး ရုံးမသွားဘူးလား"

"အဖူး ကိုယ့်ကိုဘယ်လိုခေါ်လိုက်တယ် ဟိုလူကြီး လို့မခေါ်တော့ဘူးလား"

"ကျုပ်အဲ့လောက်လည်း မရိုင်းဆိုင်းပါဘူး မိကမွေးထားတာဗျ"

"ပိုပြီး ယဥ်ကျေးသွားအောင် ကိုကြီးလို့ခေါ်ပါလား"

"ကျုပ်စဥ်းစားဦးမယ်လို့ ပြောထားတယ်လေ"

တကယ့်ကို ငစွာလေးပင်။နှုတ်ခမ်းလေးထော်ထော်ပြီးရန်တွေ့နေပုံမှာ အသည်းယားစရာ။
ရေစက်များ တွဲခိုနေသော မျက်နှာဝါဝါလေးမှာ စာမမှီပေ။
ခုမှ အိပ်ယာထသည့်နှင့်တူသည် ဆံပင်ခပ်အုပ်အုပ်လေးမှာပွနေလေသည်။

"မနက်စာစားပြီးပြီလား ဦးစီး"

"ဟင့်အင်း..."

"လာ...ကျုပ် မထားဆီက ပဲပြုပ်အစိပ်သားဝယ်ထားတယ် ထမင်းနဲ့ရောကြော်ပြီးပြီး လာသွားစားရအောင်"

"ထိုင်...ဒီမှာ..ကျုပ်ခူးပေးမယ်"

ကျွန်တော် လည်းအဖူးပြင်ပေးတဲ့မနက်စာကို ပဲစားလိုက်သည်။
ဒီရက်ပိုင်း သူကြီးသားရစ်မှူးသော်တို့နဲ့ ပြိုင်မယ်ဆိုလား ဘာပြိုင်မလဲတော့မသိပေမယ့် ကျွန်တော် နည်းနည်းတော့ ဆိုးစိုးရိမ်မိသည်။
အဖူးကို ကျွန်တော့်လက်ထဲ အရီးလေးနှင့်သူကြီးကအပ်ထားတာကြောင့် မထိန်းသိမ်းနိုင်ရင် ကျွန်တော့်ပေါ့ဆမှုကြောင့်ဖြစ်သည်။

သူ့ပုံစံကလည်း ထိန်းသိမ်းရခက်မည်ပုံ။
ဆရာလုပ်တာမကြိုက်လို့ ကျောင်းတောင်ဆက်မတတ်ဘူးတဲ့လေ။
ဒီလိုဘုကလန့် နဲ့လူသားကို ကျွန်တော် ဘယ်ကစပြီးထိန်းသိမ်းရပါ့မလဲ။.

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now