𝖨𝗇𝗍𝗋𝗈𝖽𝗎𝖼𝗍𝗂𝗈𝗇

54.8K 2.6K 370
                                    

𝖹𝖺𝗐𝗀𝗒𝗂

Golden Time ဆေးရုံကြီး၏ အရေးပေါ်ဌာန၌ ဂျူတီကုတ်အဖြူရောင်ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ခွဲစိတ်မှုမှတ်တမ်းကိုစစ်ဆေးနေသည် ။

ရှည်လျားသည့်အရပ်သည် သူ့ဘေးပတ်ဝန်းကျင်မှာ ဖြတ်သန်းသွားလာလှုပ်ရှားနေကြသည့် ဆရာဝန်၊သူနာပြု၊လူနာ၊လူနာရှင်များထက် သိသိသာသာထင်ပေါ်နေကာ အဖျားတို့ကောက်ခွေနေသည့်နဖူးထက်က ဆံနွယ်လေးကို လက်ချောင်းရှည်ရှည်သွယ်သွယ်လေးနှင့် ပင့်တင်ဟန်ပြုသည် ။

ကိုးရီးယားလူမျိုးတစ်ယောက်အနေနှင့်ဆိုလျှင် အညိုဆင်သည်ဟုပြောရမည့် သူ့၏အသားအရောင်သည် ရွှေရောင်အဆင်း ။
ဖြတ်သွားဖြတ်လာတိုင်းက နှစ်ခါပြန်ကြည့်ရသည့် ထိုဆရာဝန်သည် နှာတံမြင့်မြင့်နှင့် မျက်ရစ်တစ်ဖက်သာရှိသော မျက်ဝန်းအိမ်ကျယ်လှလှနှင့် အသည်းပုံသဏ္ဍာန်နှုတ်ခမ်းပါးကြောင့် ဆရာဝန်ဟုပြောဖို့ရာအတွက် ချောမောခန့်ညားလွန်းနေသည် ။

ဂျူတီကုတ်အဖြူရောင်၌ ချိတ်ဆွဲထားသည့် သူ့၏IDကတ်လေးမှာ သူ့၏ခန့်ညားလှသည့်ပုံလှလှနှင့်အတူ ရေးထိုးထားပါသည့်အမည်နာမသည် ကင်မ်ထယ်ယောင်း ။

သူသည် GS (General Surgery) အထွေထွေခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သည် ။

ခွဲစိတ်မှတ်တမ်းကို စစ်ဆေးပြီးသွားသည့် ထယ်ယောင်းမှာ ဘယ်ဘက်လက်၌ တပ်ဆင်ထားသည့် အညိုရောင်နာရီလက်ပတ်ကို တစ်ချက်ငုံ့ကြည့်ရင်း အချိန်ကိုစစ်ဆေးလိုက်သည် ။

ညနေ ၅နာရီထိုးရန်အတွက် သုံးမိနစ်သာလိုတော့သည်ဖြစ်၍ သူ့ဂျူတီချိန်ကပြီးပြီ ။

" သူနာပြုယွန်း... ကျွန်တော် သွားစရာရှိလို့... ဒီလောက်နဲ့ပဲ သွားတော့မယ်... ညဂျူတီက ဂျီမင်းမလား..."

" ဟုတ်တယ်... ဒေါက်တာကင်မ်... ဒေါက်တာပတ်ခ်က နိုက်ဂျူတီကျတယ်... ဒါနဲ့ ဒေါက်တာကင်မ်သွားမယ်ဆိုတာက... Golden Time Foundationရဲ့ နှစ်ပတ်လည်ညစာစားပွဲမလား.. ပြောနေကြတာ ကြားလိုက်လို့...."

" ဟုတ်... အဲ့ဒီ့ပွဲကိုသွားမှာ.. ဒါဆို ကျွန်တော်သွားပြီနော်..."

" ဟုတ်ကဲ့ပါ ကောင်းကောင်းသွားပါ..."

သူနာပြုယွန်းသည် သူနာပြုခေါင်းဆောင်တစ်ဦးဖြစ်ပြီး အသက်ကတော့ ၄၅နှစ်ဖြစ်၍ ထယ်ယောင်းတို့လို လုပ်သက်မကြာရင့်သေးသည့်ဆရာဝန်တွေထက် အတွေ့အကြုံရင့်ကာ ဆရာတင်ရသူဖြစ်ရသည် ။

𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Waar verhalen tot leven komen. Ontdek het nu