"သိပ်လှပါတယ် ခေါင်းဆောင်။ ဒီနေရာမှာ ဒီလိုအလှတရားတွေရှိတာ မသိခဲ့ဘူး"

"သဘာဝက ပေးတဲ့ လက်ဆောင်တွေပေါ့ အရှင်။ ကျောက်ဆောင်ကြားက ရေတံခွန်ဆိုတော့ ​အတော်လေးမြင့်တာမို့ လှပေမယ့် အန္တရာယ်လည်း များတာပေါ့လေ။"

"တချို့သူတွေလိုပေါ့"

နှုတ်မှ ခပ်တိုးတိုးရေရွတ်လိုက်သည့် စကားဖြစ်သည့်တိုင် အရှင်လေးမှာ ကြားဖြစ်အောင် ကြားလိုက်ပါသေးသည်။ ခု သည်alphaက သူ့ကို အရွဲ့တိုက်ဖို့ပဲ စဥ်းစားထားသည်လား။ မျက်စောင်းရွဲ့ရွဲ့ထိုးကာ ထိုalphaနှင့် ဆန့်ကျင်ဘက်သို့ သုတ်သုတ် လျှောက်လာမိတော့သည်။

သို့သော်လည်း မိမိလျှောက်မိသည့်နေရာက ကျောက်ဆောင်အစွန်းဖြစ်နေသည်ကြောင့် ခြေချော်မတတ်ဖြစ်သွားရသည်။ လျင်မြန်သော ထိုalphaက ချက်ချင်းပင် ဖမ်းဆွဲလိုက်သည်မို့သာ တော်သေးသည်။

"ခုနက ခေါင်းဆောင်ပြောထားတာ မကြားလိုက်ဘူးလား။ Eldoraကို ခေါင်းဆောင်မဲ့အောင် လုပ်ချင်နေတာလား အရှင်"

ဖမ်းဆွဲပေးထားသည်က ကျေးဇူးတင်စရာကောင်းသော်လည်း နောက်ဆက်တွဲကြားလိုက်ရသည့်စကားက အရှင့်ဒေါသကို ဆူပွက်စေလေသည်ကြောင့် မျက်စိရှေ့မှ ရင်အုပ်ကျယ်ကျယ်အား ခပ်ကြမ်းကြမ်း တွန်းဖယ်ကာ ထိုနေရာမှ ထွက်လာလိုက်တော့သည်။

*ဘယ်သူက ပိုပြီး အပြိုင် အရွဲ့တိုက်နိုင်မလဲ ​ကြည့်ကြတာပေါ့ ကိုယ်ရံတော်ကင်မ်*

•••••

နောက်တစ်ရက်သို့ကူးပြောင်းကာ ပြန်ရမည့် အချိန်ရောက်လာသည်ထိ ထိုalphaက သူ့အားစကားမပြော​သေးပေ။ အပြန်လမ်းတောက်လျှောက်လည်း ဝတ်ကျေတန်းကျေ စကားသာဆိုကာ ခရီးတထောက်နားချိန်တွင်ပင် သူ့အနားရောက်မလာပဲ တဦးတည်းသီးသန့်နေနေသူက အမှန်ပင် စိတ်ဆိုးနေသေးပုံပါပင်။

"စိတ်ပျက်တယ်တဲ့လား။ သူကများ! ပျက်လေ။ ပျက်လိုက်ပေါ့။ ငါကပိုတောင် နေနိုင်သေးတယ်"

အရှင်ကလေး၏ စိတ်အလိုမကျမှု၏ ဓားစာခံသည်တော့ အပြစ်မဲ့မြက်ပင်လေးများနှင့် လက်အောက်ခံ ရဲမက်တို့ပင်။အရေးထဲ ထိုalphaနှင့်သူ အချေအတင်ဖြစ်သည်ကို တီးမိခေါက်မိလောက်သာ သိသော ရဲမက်အချို့က မိမိက ထိုalpha၏ ချစ်သူအား တော်ကောက်သည်ဟု ကိုယ်တိုင်ရေး ဇာတ်ညွှန်းများ ဖန်တီးနေကြပြန်သည်မို့ နေရင်းထိုင်ရင်း ဗီလန်ဇာတ်ကောင်ဖြစ်ရပြန်သည်လေ။ ဒါတောင် စိတ်လိုက်မာန်ပါဖြင့်ပြောခဲ့သော ကြင်ယာတော်မြှောက်မည့်ကိစ္စကို မသိကြသေးပေ။

𝕸𝖔𝖓𝖆𝖗𝖈𝖍Wo Geschichten leben. Entdecke jetzt