ထို့နောက်တွင်တော့ နှစ်ယောက်သား ငှက်ပျောခိုင်ရောင်းရငွေများကိုပိုက်၍ ပန်းလှည်းသို့ ပြန်လာခဲ့ကြလေသည်။ ကံဆိုးစွာနဲ့ပဲအလာတုန်းကနှင့်မတူသည်က အပြန်လမ်းတွင် မိုးသည်းသည်းမည်းမည်းရွာနေခဲ့ခြင်းပါပေ။ ကားရှေ့မှန်က မိုးစက်များမှာလည်းပိုမိုများပြားလာခဲ့ပြီး ကားရှေ့မြင်ကွင်းကလည်းမသဲကွဲတော့သဖြင့် ကားကို လိပ်နှုန်းအတိုင်းမောင်းလာခဲ့ရလေ၏။

"ကိုယ်တို့ တစ်နေရာမှာခိုပြီး မိုးတိတ်မှပြန်ကြရအောင်"

"အင်း"

ဝဿန်ပြောသမျှ သင်္ခါ ငြင်းခဲ့သည်ဆိုတာမရှိ။ အလွယ်တကူ ခေါင်းညိတ်လိုက်သည်ချည်းသာ။

တည်းခိုရန်နေရာရှာလိုက်သော်လည်း မကောင်းသောကံအရ သူတို့လက်ရှိရောက်သောနေရာမှာ မြို့ပြင်က စိုက်ခင်းများသာရှိ​သည်။ အတန်ကြာ ထပ်မောင်းလိုက်သည့်အခါတွင်တော့ လယ်ကွင်းထဲက တဲအိမ် တစ်လုံးစနှစ်လုံးစကို လှမ်းမြင်လိုက်ကြသည်။

ဝဿန် ကားကိုရပ်ပြီးနောက် သင်္ခါ၏ မိုးကာအင်္ကျီဝတ်ပေးခြင်းကို ခံလိုက်ရလေသည်။

"မိုးကာပါလာတာလား ကိုယ်ဘာလို့မတွေ့မိတာလဲ"

"ဟိုရွာမှာ ကျွန်တော်ဝယ်လာခဲ့တာ"

"ဪ"

"သွားရအောင်"

ပြောပြောဆိုဆိုဖြင့် ​ကားတံခါးဖွင့်ကာ ထီးဖွင့်၍ဆင်းချသွားလေလျှင် ဝဿန် ကမန်းကတမ်းဖြင့်...

"နေဦး... မင်းအတွက်ရော"

"မဝယ်ခဲ့မိဘူး"

ဝဿန် ပြောစရာစကားမဲ့သွားရလေသည်။ မဝယ်ဘူးဆိုလျှင်လည်း မဝယ်ဘဲနေတာမဟုတ်၊ တစ်ထည်တည်းကို ကွက်ဝယ်သွားခဲ့တာ ဘယ်လိုအတွေးနဲ့များပါလဲ။

"ဒါဆို မင်းပဲဝတ်လိုက်လေ... ကိုယ်ချွတ်ပေးမယ်... ထီးက သိပ်လုံခြုံတာမဟုတ်ဘူး"

သင်္ခါ ချက်ချင်းကန့်ကွက်လိုက်သည်။

"ခါက ပိုအရေးကြီးတယ်"

ထို့နောက် တံခါးပိတ်၍ တစ်ဖက်တံခါးသို့လာကာ ကားထဲကထွက်လာသည့် ဝဿန့်ကို ထီးမိုးပေး၏။

အဆွေခင်ပွန်းလောင်းနဲ့အတူ စီးပွားရှာဖွေ(completed)Where stories live. Discover now