"ဂရုစိုက်လေ။ ဘယ်လိုလုပ် ရေပါသီးနေရတာလဲ။ အဆင်ပြေရဲ့လား"

သင်္ခါ့ခဗျာ ရှက်တက်တက်ဖြင့် ခေါင်းကို ခပ်သွက်သွက်ညိတ်ပြကာ ဝဿန့်လက်ထဲမှရှောင်ထွက်သွားသည်။ ထို့နောက် လက်ဖဝါးနှစ်ဖက်ထဲ ရေခွက်ကိုခပ်တင်းတင်းဆုပ်ကိုင်ပြီး...

"ခြံထဲခဏကြည့်ဦးမယ်"ဟု ဆိုကာ တံခါးအပြင်ဘက်ပြေးထွက်သွားခဲ့လေ​ေတာ့သည်။

ခရမ်းချဥ်သီးမှည့်ကဲ့သို့ အရှက်သည်းနေသောကောင်လေးကြောင့် ဝဿန်ရယ်လိုက်ပြီး အနောက်ကနေလိုက်မသွားဖြစ်တော့ချေ။ ဦးလေးကြီး​က သူ့အား မေးလာခဲ့သည်။

"နောက်ဆုံးတော့ တကယ်ချစ်ရမဲ့လူတွေ့ပြီပေါ့"

ဝဿန် အပြုံးလေးဖြင့် ထောက်ခံလိုက်၏။ လိင်တူကိုမှ ကြိုက်နှစ်သက်သည့် အချစ်ရေးလမ်းက လွယ်တော့ မလွယ်ကူ။ ဖွင့်ပြောဖို့ခက်သလို အစစ်အမှန်လူကို ရရှိဖို့လည်း ပိုမိုခက်ခဲသည်။ ဝဿန်သည်လည်း သူ၏လိင်စိတ်ကို သေချာစွာသိရှိလိုက်ပြီးသည့်နေ့မှစ၍ Come Outလုပ်ခဲ့ပြီး လာကြိုက်သမျှလူတို့ကိုလည်း အပြုံးတို့ဖြင့် စိစစ်ရွေးခြယ်တတ်သည်။

တချို့က စိတ်လှုပ်ရှားစရာရှာဖွေ၍ အချို့မှာ သူ၏ရုပ်ရည်နှင့်နောက်ခံကိုမက်သည်။ စစ်မှန်စွာသောလူတို့ရှိသော်လည်း တစ်ဦးတလေသော်မျှ သူ့နှလုံးသားကို မတိုးပေါက်နိုင်။ Come Outလုပ်ပြီး ဆယ်နှစ်နီးပါးနေမှ ချစ်ရမည့်လူတွေ့သောအခါ သူ့ဘေးနားကလူများစွာတို့က သူ့ထက်ပင် ပို၍ပျော်ရွှင်နေပုံရ၏။

"ကောင်ငယ်လေးက ရိုးသားမဲ့ပုံပဲ... အသက်လည်းပိုငယ်တယ်မို့လား"

"ဟုတ်ကဲ့... ဒီလထဲမှာမှ ဆယ့်ကိုးနှစ်ပြည့်တာ"

"ခြောက်နှစ်တောင်ကွာတာပဲ... ကလေးကို မြူဆွယ်လိုက်တယ်မဟုတ်လား"

ဝဿန် အသာသွားဖြဲလိုက်သည်။ ထိုဦးလေးကြီးသည် သူ့မိဘလက်ထက်က အလုပ်သမားတစ်ယောက်ဖြစ်ပြီး ယခုနောက်ပိုင်းတွင် သူ၏လက်အောက်သို့ဝင်ကာ ခြံစောင့်လုပ်ပေးနေသူဖြစ်၏။ နှစ်ပေါင်းများစွာကြာ ခင်မင်လာခဲ့သူများမို့ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိကြသည်။

အဆွေခင်ပွန်းလောင်းနဲ့အတူ စီးပွားရှာဖွေ(completed)Where stories live. Discover now