အတွဲ ၂, ၃၂ {U} ဇာတ်သိမ်း

Comenzar desde el principio
                                    

နေ့လည်စာစားပြီးချိန်၊
ဘာမှလုပ်စရာမရှိသည့်ယောင်းယီသည်
တီဗီကိုသာဆက်တိုက်ထိုင်ကြည့်နေခဲ့သည်။
သူ၏ဘေးရှိထိုအငြိုးကြီးတစ္ဆေကတော့
ထပ်မံလှုပ်ရှားတော့မည့်အကွက်တွေ
စလာလေသည်။

ယောင်းယီကတော့အခုချိန်အထိ
်ခါးနာတာအရှင်းမပျောက်သေးသည့်အတွက်
သဘာဝကျစွာဘဲအေးစက်စက်မျက်နှာထားဖြင့်
ငြင်းဆန်လိုက်သည်။

ထိုဖြူဖျော့နေသည့်သရဲကတော့
သူ၏ညိုးမှိုင်နေသောမျက်လုံးများအား
ထုတ်သုံးကာ
သူအနေဖြင့်လုံလုံလောက်လောက်
မကောင်းပေးလို့လား?
ကျန်းချိုင်လောက်တောင်မကောင်းလို့
ယောင်းယီကိုသက်သောင့်သက်သာ
မဖြစ်စေတာလား? ဟု
မေးမြန်းလာခဲ့သည်။

ယွင်းယူသည်ထိုစကားများကို
အလွန်အရှက်မရှိဗြောင်ကျကျပြောဆို၍
အတော်လေးကိုအသေးစိတ်ကျသော
အရာများကိုထုတ်ပြောလာသည့်အပြင်
နောက်အနာဂတ်ကျလျှင်သူ၏
နည်းလမ်းတွေသည်သေချာပေါက်ကို
တိုးတက်လာစေရမည်ဟုပါပြောလေသည်။
အသံသည်အလွန်တည်ကြည်လေးနက်
လှပါသော်လည်းပြောဆိုနေသည့်
အကြောင်းအရာမှာအလွန်အမင်း
ရှက်စရာကောင်းလှသည်။

ထိုစကားများကိုကြားလိုက်ရသည်နှင့်
ယောင်းယီ၏မျက်နှာသည်နီရဲသွားပြီး
သူ၏ဦးနှောက်မှာလည်းအပူကြောင့်
လောင်ကျွမ်းတော့မလိုတောင်ဖြစ်သွားခဲ့သည်။

သူအနေဖြင့်လူကြီးလူကောင်းလိုမျိုး
ဟန်ဆောင်နေခဲ့သည်ဒီတစ္ဆေသည်
တစ်ညထဲနဲ့တင်ညတွင်းချင်း
အရှက်မရှိဟာသတွေအပြည့်ပြောနိုင်သည့်
လူအဖြစ်သို့ဘယ်လိုမျိုး
ပြောင်းသွားခဲ့သလဲဆိုတာကို
နားမလည်နိုင်တော့ပေ။

"ဘာမှဆက်မပြောပါနဲ့တော့!
ခင်များပါးစပ်ကို ပိတ်လိုက်ပါတော့! ကျွန်တော်ကျန်းချိုင်နဲ့
ဘာဆိုဘာမှမလုပ်ခဲ့ဖူးဘူးဗျ!"

ယွင်းယူ၏အတွေးများကို
အလွန်အမင်းရှက်နေခဲ့သည့်ယောင်းယီသည်
စိတ်ရှုပ်ကာအရာအားလုံးအား
အိတ်သွန်ဖာမှောက်ထုတ်ပြောလိုက်ပြီးသည့်
နောက်ထိုနေရာမှာဘဲ
တောင့်ခဲသွားတော့သည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Nov 30, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းDonde viven las historias. Descúbrelo ahora