၁၃.၁ {U}

3.5K 747 144
                                    

Unicode

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 13

ON Aug 17, 2021 BY HOT TOFU

Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ

ထျီရန်ကောသည်တံခါးလက်ကိုင်းကို
ကိုင်ထားလိုက်မိသည်။သူ၏ဘယ်ဘက်
မျက်လုံးသည် ထိုဟနေသည့်တံခါးကြား
လေးထဲမှအပြင်ဘက်ရှိအခြေအနေများကို
အနည်းငယ်လောက်သာမြင်ရသည်။

ရှပ်-

ဟောင်းနွမ်းနေသည့်လုံခြုံရေးဝတ်စုံကို
ဝတ်ဆင်ထားသည့်အရပ်မြင့်မြင့်လူတစ်ယောက်
သည်ကော်ရစ်တာအစွန်ဆုံးထောင့်ဆီမှ
ပြန်လှည့်ကာထျီရန်ကောမြင်နေရသည့်
မြင်ကွင်းအတွင်းသို့လျှောက်လှမ်းလာခဲ့သည်။

ထျီရန်ကောသူ၏ကျောရိုးတစ်လျှောက်လုံး
တောင့်တင်းသွားပြီးကြက်သီးမွေးညင်းများ
ထလာတော့သည်။ထိုအရပ်မြင့်မြင့်လူသည်
သူတို့၏တံခါးကိုဖြတ်ကျော်၍အဝေးသို့
လျှောက်သွားတော့မည်ကိုမြင်လိုက်ရသည့်အခါ,သူ၏အနောက်တွင်ရှိနေသော
ကြောက်ရွံ့နေသည့်အမျိုးသမီးနှစ်ဦးကို
တိတ်တဆိတ်နေကြရန်အမြန်လက်ဟန်ခြေဟန်
ပြလိုက်သည်။

Amy နှင့် Cao သည်ချက်ချင်းကိုသူတို့၏
တုန်ရီနေသောပါးစပ်များကိုလက်ဖြင့်အုပ်ကာ,
ကြွက်သားလေးအနည်းငယ်တောင်မလှုပ်ရှားရဲ
တော့ပေ။

အဲ့ဒါကသရဲရာဇဝင်ထဲကသေသွားပြီ
ဖြစ်တဲ့လုံခြုံရေးစောင့်လား?

ထျီရန်ကောသည်ထိုဟောင်းနွမ်းနေသည့်
လုံခြုံရေးဝတ်စုံကိုဝတ်ဆင်ထားသည့်
ထိုအရပ်မြင့်မြင့်ဝိဉာဉ်အားခေါင်းအစခြေအဆုံး
ကြည့်လိုက်မိပြီးမတတ်နိုင်စွာဖြင့်သေချာစူးစမ်း
လေ့လာနေမိသည်။အဲ့လူကသူတို့ကိုဒီနေရာကြီးထဲမှာ
ပိတ်လှောင်ထားခဲ့တဲ့အဓိကလက်သည်တရားခံပေါ့။
သို့သော်လည်း,ထိုဝိဉာဉ်၌အားနည်းချက်တစ်ခု
တစ်စုံတစ်ရာရှိမရှိကိုတော့ သူတို့မသိရသေးပေ။

ရှပ်- လေးလံသည့်ခြေလှမ်းကြီးသည်တံခါးကို
ဖြတ်ကျော်သွားတော့သည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now