3. 1.2 First Small Star_Xia Ying

Start from the beginning
                                    

"ကျွန်တော်သိပြီ... ဘယ်တစ်ခုကအရင်လဲ"

"အရင်ဆုံး လူရွေးပွဲသွားရမယ်... ဇာတ်ညွှန်းနဲ့ movie backgroundကို ကော ပို့လိုက်မယ်နော်.... နေရာကတော့ Silver Entertainment မှာမနက်ဖြန် ၉နာရီအရောက်... မင်းသားကိုလာခေါ်ဖို့ လက်ထောက်တစ်ယောက်လွှတ်ပေးရအုံးမလား..."

"မလိုဘူး.... ကိုယ့်ဘာသာမောင်းလာခဲ့မယ်... ဇာတ်ညွှန်းကိုသာ ပို့ပေးပါ... ကျေးဇူးတင်ပါတယ်နော်"

ရှယင်ရဲ့ ယဉ်ကျေးတဲ့ပြန်ဖြေသံကြောင့် သူ့agentမှာ ဆွံ့အသွား၏... သူက ရှယင် ရုပ်ရှင်ဧကရာဇ်နဲ့ ရှယန်တို့ကြားက အရှုပ်တော်ပုံကို သိထားသည်... သူ့ရဲ့ရှက်တတ်တဲ့ မင်းသားကို သူသနား၏... ဒီအေးစက်တဲ့ကောင်လေးက ဘာမှတော့မဟုတ်ပေမဲ့ နည်းနည်းရှက်တတ်တယ်ဆိုတာ သူကောင်းကောင်းသိသည်...

ရှယင်ရဲ့agent ဖြစ်တဲ့ ဝမ်လင်းက ခဏလောက် တိတ်ဆိတ်သွားနေ၏... ရှယင်ကို တစ်စုံတစ်ယောက်က အေးစက်နေကြောင်း ဆူပူနေတဲ့အချိန်မှာ အမှန်တကယ်တော့ ကောင်လေးက ဘာပြောရမယ်မှန်းမသိဘဲ ရှက်နေတာကြောင့် ဒီလိုပုံဖြစ်နေတာပင်...

ဒီကောင်လေးက ရုပ်ရှင်ဧကရာဇ်ကို ချစ်နေတာသိပေမဲ့လည်း သူတို့အသိုင်းအဝိုင်းတစ်ခုလုံးမှာ ရုပ်ရှင်ဧကရာဇ်က ရှယန်ကိုသာ ချစ်နေကြောင်း ကောင်းကောင်းသိကြလေသည်...

Hotelထဲမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကိုလည်း ဝမ်လင်းသိ၏... သတင်းသမားတွေကို တားဆီးဖို့ မှာကြားခံရတဲ့ ဝန်ထမ်းတွေထဲမှာ သူလည်းပါသည်...

"မင်းသား... ကော ကိုယ့်နေရာကိုယ်သိပါတယ်... ဒါပေမဲ့ ရုပ်ရှင်ဧကရာဇ်ကို မင်းသားမေ့လိုက်သင့်တယ်... မင်းသားရဲ့အရည်အချင်းနဲ့ဆို အဲ့ဆန်ကုန်မြေလေးကောင်အစား ဘယ်သူ့ကိုမဆို ရွေးချယ်လို့ရတယ်... သူ့ကို မေ့ပစ်လိုက်ပါ... ကောင်းပြီလား"

"အာ... ကျွန်တော် ဝမ်ကောပြောတာကို နားထောင်မှာပါ"

ရှယင်က အသဲကွဲနေသလို အသံနဲ့ပြောလိုက်ပေမဲ့ တကယ်တော့ မျက်နှာအမူအရာမှာ အေးစက်နေ၏...

"ဟင်း... မနက်ဖြန် ကိုယ့်ဘာသာကားမောင်းမလာနဲ့တော့.... ဝမ်ကောမင်းကိုလာခေါ်ပြီး တစ်နေကုန်အတူရှိနေပေးမယ်... ဟုတ်ပြီလား"

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now